Connect with us

Local

ယခုဘဏ္ဍာနှစ်အတွင်း   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  အမေရိကန်ဒေါ်လာ၄ ဒသမ ၄ ဘီလီယံ  ဝင်ရောက်ထားဟုဆို

အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

 ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) 

ယခုဘဏ္ဍာနှစ်ကာလ အတွင်း   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ၄ ဒသမ ၄ ဘီလီယံ  ဝင်ရောက်ထားပြီး  မျှော်မှန်းချက်ပြည့်မီနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယခုဘဏ္ဍာနှစ် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားသဖြင့် ပြည့်မီရန် ၁ ဒသမ  ၄  ဘီလီယံ လိုနေသေးကြောင်း သိရသည်။ လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှု ကာလအတွင်း ယခင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ  မတည်ငွေ ထပ်တိုးသည့် လုပ်ငန်းများ ရှိသည့်အပြင်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်း သစ်များကိုလည်း ကျန်ရှိနေသည့် သုံးလတာကာလအတွင်း ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ  ပြီးခဲ့တဲ့ကာလ တူထက် များလာရတာက လျှပ်စစ်ကဏ္ဍမှာ  ရင်းနှီး မြှုပ်နှံမှုများလာတဲ့အတွက်ကြောင့်ဖြစ်တယ်’’ ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဖြည့်စွက်ပြောကြားခဲ့သည်။ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လည်း COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း သဘာဝပတ်ဝန်းကျင်  ထိခိုက်မှုမရှိသည့် လုပ်ငန်းမျိုးနှင့်   နိုင်ငံတော်ပိုင်မြေအဆောက်အဦနှင့်  မပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ခွင့်ပြုချက်ပေးနေကြောင်း၊ ထို့အတူ နှာခေါင်းစည်းချုပ်ရန် တင်ပြထားသည့် စက်ရုံများကိုလည်း အမြန်ဆုံး   ခွင့်ပြုပေးနေကြောင်း   ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117