Connect with us

Local

၂၀၂၀ တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ခုနစ်သန်းကျော် ဝင်ရောက်နိုင်ဟု ဒုတိယ သမ္မတ ပြော

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားများအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာ့ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် တစ်နှစ်ထက် တစ်နှစ် တိုးတက်လျက်ရှိရာ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ခုနစ်သန်းကျော် လာရောက်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ယနေ့နံနက်တွင် ပြောခဲ့သည်။

၂၀၁၆ အောက်တိုဘာ (၃) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနတွင် ယနေ့ကျင်းပခဲ့ရာ ဒုတိယ သမ္မတက ထိုအခမ်းအနားသို့တက်ရောက် မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာ့ ခရီးသွား လုပ်ငန်း ကဏ္ဍကို ကြည့်တဲ့အခါ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာတာ တွေ့ရပါတယ်၊ ၂၀၁၅ ခုနှစ်မှာ ခရီးသည် ရောက်ရှိမှုက ၄ ဒသမ ၆ သန်းရှိပြီး ၂၀၁၁ ကထက် ၃ ဒသမ ၈ သန်း၊ ၂၀၁၄ ကထက် ၁ ဒသမ ၅ သန်း ပိုမို ဝင်ရောက်ခဲ့ပါတယ်၊ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာလှည့် ခရီးသည် ခုနှစ်သန်းကျော် လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဦးဗန်ထီးယူက ပြောခဲ့သည်။

“ခရီးသွား လုပ်ငန်း ဆောင်ရွက်နေသူ အားလုံးဟာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှု အရှိန် အဟုန်ကို ထိန်းသိမ်းဖို့နဲ့ ခရီးသွား လုပ်ငန်းမှ ရရှိလာမယ့် အကျိုးအမြတ်တွေကို မျှဝေ ခံစားနိုင်ဖို့ ဂရုတစိုက်နဲ့ဆောင်ရွက်ဖို့လိုပါတယ်” ဟုလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။

ထို့အပြင် ခရီးသွားလုပ်ငန်းသည် ဒေသခံ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ အစိုးရသစ်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို စတင် တာဝန်ယူ ဆောင်ရွက် ချိန်မှ စပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် ပုဂ္ဂလိက ကဏ္ဍက တက်ကြွစွာ ပူးပေါင်း ပါဝင်လာစေရန် ငွေကြေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ မူဝါဒများနှင့် အခြားသော ကိစ္စရပ်များတွင် ဖြေလျှော့မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း နှင့် နိုင်ငံတော် ပြန်လည် တည်ထောင်ရေး လုပ်ငန်းနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအတွက် မောင်းနှင်အား တစ်ရပ် အဖြစ် ခရီးသွား လုပ်ငန်းကို မြှင့်တင် ဆောင်ရွက် သွားကြရန်လည်း ဒုတိယ သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.