Connect with us

Local

ဒေါ်လာဈေးကျပြီးပြန်တက်

-မြန်မာကျပ်ငွေ နှင့်ဒေါ်လာအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတရွေးကောက်ပွဲပြီးနောက် တစ်ဒေါ်လာကို ၁၂၉၀ ကျော်မှ ၁၂၈၃ကျပ် အထိ ဈေးကျခဲ့ပြီးနောက် ယနေ့ တွင်တစ်ဒေါ်လာကို ၁၂၉၉ ကျပ် အထိ ပြန်တက်လာခဲ့ကြောင်း ဒေါ်လာဈေးကွက် ကို စောင့်ကြည့်လေ့လာသူဦးစန်းဝင်းက ဆင်ဟွာသို့ပြောသည်။

ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ထရမ့်နိုင်ရင် ဈေးကျမယ်ဆို ပြောထားပေမယ့် ဒီနေ့ အာရှမှာလည်း ဒေါ်လာဈေးက ပြန်တက်ပါတယ်။ ထရမ့် သမ္မတအနေနဲ့ တာဝန်စတင်ယူတဲ့ အချိန်မှသာ တကယ့် ငွေဈေးအတက် အကျမှန်းနိုင်မှာဖြစ်ပါတယ်’’ ဟု ဦးသန်းလွင်က ဆင်ဟွာကိုပြောသည်။

အမေရိကန် ရွေးကောက်ပွဲအပြီး ငွေဈေးကျနိုင်ကြောင်း ခန့်မှန်းချက်များ ရှိသော်လည်း မြန်မာနိုင်ငံဈေးကွက် အတွင်းတွင်တော့ အတက်အကျလျင်မြန်စွာပြောင်းလွဲနိုင်ရန် မလွယ်ကူကြောင်း ဦးစန်းဝင်းကဆိုသည်။

ဦးစန်းဝင်းက “မြန်မာနိုင်ငံမှာက အိမ်ခြံမြေဈေးကွက်ကလည်းအေးနေတယ်။ စတော့ဈေးကွက်ကလည်း သိပ်ပြီး မကစားတတ်ကြသေးတော့ ဒေါ်လာဘက်ကလှည့်နေကြတုန်းပဲရှိသေးတယ်။ ဒေါ်လာကတော့ နောက် ၃လ လောက်အထိ တစ်ဒေါ်လာကို ကျပ် ၁၂၈၀ နဲ့ ကျပ် ၁၃၀၀ စွန်းစွန်းလောက်မှာပဲ အတက်အကျဖြစ်နိုင်တယ်လို့ ခန့်မှန်းရတယ်’’ ဟုပြောသည်။

နိုဝင်ဘာလ ၁၀ ရက် ညနေ ဘက်တွင် ပြင်ပငွေလဲလှယ်သည့် ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ်၁၂၉၉ ပေါက်ဈေးရှိသည်။ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၂၈၇ ဒေါ်လာရှိပြီး၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ၈၈၃,၀၀၀ ပေါက်ဈေးရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.