Connect with us

Local

နိုင်ငံခြားငွေကြေး ဈေးကွက်၌ ဈေးကစားခြင်း မပြုလုပ်ရန် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များအား ဗဟိုဘဏ်မှ သတိပေး

ဈေးကွက် အတွင်း ရောင်းဝယ် ပြုလုပ်နေသည့် မြန်မာ ကျပ်ငွေ နှင့် နိုင်ငံခြားငွေများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ အနေဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်၌ ဝင်ရောက် ဈေးကစားခြင်းများ မပြုလုပ် ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခေါ်ယူ သတိပေးထားကြောင်း သတင်းရရှိသည်။

နိုင်ငံခြား ငွေကြေး ဈေးကွက်တွင် ဒေါ်လာ လဲလှယ်နှုန်းမှာ သြဂုတ်လလယ်ပိုင်းတွင် ပြင်ပ ဈေးကွက်၌ တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ဝန်းကျင်အောက်သာ ရှိခဲ့ရာမှ သြဂုတ်လကုန်ပိုင်းမှ စတင် မြင့်တက်လာခဲ့ရာ ကျပ် ၁၂၈၀ ကျော်ထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နေ့စဉ် ရည်ညွှန်း သတ်မှတ်နှုန်းထားသည် ယခု အောက်တိုဘာ လဆန်းပိုင်းတွင် ကျပ် ၁၂၆၀ နှုန်းထားခန့် ရှိနေကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြား ငွေကြေးများအား ဘဏ်များသို့နေ့စဉ် လေလံစနစ်ဖြင့် ရောင်းချပေးသော်လည်း ဘဏ်တစ်ချို့တွင် လာရောက် ဝယ်ယူသူများအား ပြန်လည် ရောင်းချပေးမှု မပြုလုပ်ခြင်းများ ရှိနေကြောင်း သိရသည်။

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်းအပေါ် “သင့်တော်တဲ့ နှုန်းထား ဟုတ် ၊ မဟုတ် ဘဏ်တွေကို ခေါ်ပြီး ဆွေးနွေးပါတယ်။ဈေးကွက်မှာ ကစားနေပြီ ဆိုရင် ဘဏ်တွေ အနေနဲ့ပါဝင် ပတ်သက်ခြင်း မရှိအောင် သတိပေးပါတယ်။ဘဏ်တွေက ဈေးကွက်ကို ကစားတာတွေ ပါဝင် ပတ်သက်တယ် ဆိုရင် ပါဝင် ပတ်သက်တဲ့ ဘဏ်တွေကို ဗဟိုဘဏ် ဥပဒေ ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေတွေနဲ့အရေးယူမယ် ဆိုတာမျိုး သတိပေးပါတယ်။တရားမဝင် ဈေးကွက်မှာ ဈေးကစားတဲ့သူတွေကို ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ပေါင်းစပ်ပြီး အရေးယူဖို့လုပ်မှာ ဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းသော်က ဆင်ဟွာသို့ပြောသည်။

ယခုအခါတွင် ခေါ်ယူ သတိပေးသည့် အဆင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး သတိပေးသည် ဆိုခြင်းသည် အရေးယူခြင်းထက် ပူးပေါင်း ဆောင်ရွက်စေရန် ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

နိုင်ငံတကာရှိ ဗဟိုဘဏ်များတွင်လည်း နိုင်ငံခြား ငွေကြေး ဈေးကွက် နှုန်းထား အပြောင်းအလဲများ အပေါ် ဝင်ရောက် စွက်ဖက်မှုမျိုး ပြုလုပ်ခြင်း မရှိဘဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့်လည်း ယခု အခြေအနေတွင် ဝင်ရောက် စွက်ဖက်ခြင်းမျိုး လုပ်ရန် မရှိကြောင်း သိရသည်။

ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ အနေဖြင့် နိုင်ငံခြား ငွေကြေး လိုအပ်ချက် ရှိပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ထုတ်ရောင်းပေးသွားရန် ရှိသကဲ့သို့ မြန်မာ ငွေကြေးသည်လည်း နောက်ပိုင်း ကာလများတွင် ထိုက်သင့်သလောက် တက်လာနိုင်ခြေရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခု ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဇူလိုင်လတွင် ၁၀ ရာခိုင်နှုန်း အထိ ရှိပြီး မြင့်မားသည်ဟု ဆိုနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် အရှေ့အာရှ နှင့် ပစိဖိတ် ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေများ အမည်ရှိ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.