Connect with us

Local

(၁၆) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲ ကျင်းပမည်

မူဆယ်မြို့ဝင်ဂိတ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

(၁၆) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ (မူဆယ်) အား ဒီဇင်ဘာလ ၁၄ ရက်မှ၁၆ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဈေး အထူးစီးပွားရေးဇုန်တွင် ကျင်းပမည် ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

အဆိုပါ ကုန်စည်ပြပွဲနှင့် အတူ (၁၂)ကြိမ်မြောက် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်း ရေးကော်မတီ အစည်းအဝေးကိုပါ ယင်းရက်အတွင်း ကျင်းပမည်ဖြစ်သည်။

ယခုနှစ်ကုန်စည်ပြပွဲကာလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအစည်းအဝေး၊ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ် ရေးဌာနများ တွေ့ဆုံဆွေးနွေးခြင်း၊ ကုန်သွယ်မှု စာချုပ် ချုပ်ဆိုခြင်း၊ မြန်မာ-တရုတ် ကုန်သွယ်မှု အစည်းအဝေး ပြုလုပ်ခြင်း၊ မြန်မာ-တရုတ် အနုပညာဖလှယ်ခြင်း အစီ အစဉ်များ နှစ်(၆၀) ပြည့် မြန်မာ-တရုတ် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး အထိမ်းအမှတ် အခမ်းအနားများ ပျော်ပွဲ၊ ရွှင်ပွဲများပါဝင် မည်ဖြစ်သည်။

ပြပွဲတွင် ပြခန်းပေါင်း (၂၀၀)ကျော်ဖြင့် ခင်းကျင်းပြသ မည်ဖြစ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လုပ်ငန်းရှင် များအတွက် ပြခန်း(၁၅၀) ကျော်ခန့်၊ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအတွက် ပြခန်း (၅၀)ခန့် ပြသရန် စီစဉ်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.