Connect with us

Local

မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ရန် ဗဟိုဘဏ်မှ ပထမဆုံး မှတ်ပုံတင် လက်မှတ် ထုတ်ပေး

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်(ဓာတ်ပုံ-ဗဟိုဘဏ်)

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ရန် ပထမဆုံး မှတ်ပုံတင် လက်မှတ် ထုတ်ပေးသည့် အဖွဲ့အစည်း အဖြစ် Digital Money Myanmar Ltd (Wave Money)အား မှတ်ပုံတင် လက်မှတ် ထုတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး အလုံးစုံ ပါဝင်မှု လုပ်ငန်းစဉ်ကို တိုးမြှင့် ဆောင်ရွက်ရန် နှင့် ပြည်သူများ မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုကို ကျယ်ပြန့်စွာ ရရှိစေရန် ဖြစ်ကြောင်း သိရသည်။

Digital Money Myanmar Ltd (Wave Money) အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စက်တင်ဘာလ ၂၈ ရက်တွင် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်း မှတ်ပုံတင် လက်မှတ် ထုတ်ပေးလိုက်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.