Connect with us

Local

ပရိုပိန်း ရေနံဓါတ်ငွေ့ရည်နှင့် ဗြူတိန်းရေနံ တို့ကို တင်ဒါ စနစ်ဖြင့် ရောင်းချမည်

မြန်မာ့ ရေနံဓါတုဗေဒ လုပ်ငန်း ၊ စွမ်းအင် ဝန်ကြီးဌာန မှ ရေနံဓါတ်ငွေ့ရည်များ ရောင်းချရန် တင်ဒါ ခေါ်ယူထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမှတ် (၁) ရေနံဓါတ်ငွေ့ စက်ရုံ (မင်းဘူး) နှင့် ရေနံဓါတုဗေဒ စက်ရုံစု (သံပုရာကန်) တို့မှ ထုတ်လုပ်သည့် ပရိုပိန်း ရေနံ ဓါတ်ငွေ့ရည် ၂၀၀ တန် နှင့် ဗြူတိန်းရေနံ ဓါတ်ငွေ့ရည် ၃၀၀ တန် တို့ကို တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ ရေနံဓါတုဗေဒ လုပ်ငန်း ၊ စွမ်းအင် ဝန်ကြီးဌာန မှ ယနေ့ သတင်း ထုတ်ပြန်သည်။

စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ရေနံ ဓါတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူးခွင့် လိုင်စင် (က) သို့မဟုတ် (ခ) လက်ဝယ် ရှိသူများ အဆိုပြုလွှာ တင်သွင်း နိုင်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

တင်ဒါ တင်သွင်းရန် နောက်ဆုံးရက်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လည် ၁၂ နာရီ ဖြစ်ပြီး၊ တင်ဒါဖွင့်ပွဲ ပြုလုပ်မည့် နေ့မှာ နိုဝင်ဘာလ ၂၃ ရက် နေ့လည် ၂ နာရီ ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက မြန်မာ့ ရေနံဓါတုဗေဒ လုပ်ငန်း၊ ကုန်ထုတ်လုပ်မှု ဌာန၊ ဖုန်း-၀၆၇-၄၁၁၁၉၄ ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ (Xinhua)