Connect with us

Local

မြန်မာ-တောင်ကိုရီးယား (ROK) ချစ်ကြည်ရေး ဒလ တံတား တည်ဆောက်ရေး နှင့် လူစီးတွဲ အသစ် (၁၀၀) ဝယ်ယူရေး သဘောတူညီချက် လက်မှတ် ရေးထိုး

ရန်ကုန်-ဒလတံတား ပုံစံငယ် အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာ- တောင်ကိုရီးယား (ROK) ချစ်ကြည်ရေး “ဒလ” တံတား တည်ဆောက်ရေး နှင့် လူစီးတွဲ အသစ် (၁၀၀) ဝယ်ယူရေး သဘောတူညီချက် အပေါ် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တောင်ကိုရီးယား ပို့ကုန်သွင်းကုန် ဘဏ် (Korea Exim Bank) တို့ ယနေ့နိုဝင်ဘာလ ၁၆ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား (ROK) နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ချေးငွေဖြင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး “ဒလ” တံတား တည်ဆောက်ရေး အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့် တောင်ကိုရီးယား ပို့ကုန် သွင်းကုန် ဘဏ် ဥက္ကဌ Dr.Lee Duk-Hoon တို့က လည်းကောင်း ၊ အမေရိကန် ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိ လူစီးတွဲအသစ် ၁၀၀ ဝယ်ယူရေးအတွက် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းနှင့် ကိုရီးယားပို့ကုန်သွင်းကုန် ဘဏ် ဥက္ကဌ Dr.Lee Duk-Hoon တို့က လည်းကောင်း ပြည်ထောင်စု ဝန်ကြီးများနှင့် တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီးတို့၏ ရှေ့မှောက်တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

မြန်မာ-တောင်ကိုရီးယား (ROK) ချစ်ကြည်ရေး ဒလ တံတား စီမံကိန်းသည် ရန်ကုန်မြို့နှင့် ဒလမြို့နယ်သို့လွယ်ကူ ချောမွေ့စွာ ဆက်သွယ် သွားလာနိုင်ရေး အတွက် ရန်ကုန်မြစ်ကို ဖြတ်၍ တည်ဆောက်မည့် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် စီမံကိန်း ဖြစ်ကြောင်း ၊ ရန်ကုန်မြို့နှင့် ဒလမြို့နယ်များမှ ရေလမ်းခရီးကိုသာ အသုံးပြု၍ ကုန်စည်များ ပို့ဆောင် ဆက်သွယ် သွားလာနေရသဖြင့် စီမံကိန်းကြီး အကောင်အထည်ဖော် ပြီးစီးပါက ရန်ကုန်မြို့၊ မြို့တွင်းလမ်းမှ အဝေးပြေး လမ်းမကြီး အမှတ် (၁) နှင့် ချိတ်ဆက်နိုင်မည် ဖြစ်၍ ဒလမြို့တစ်ဖက်ကမ်းရှိ ဒေသခံများ၏ လူနေမှု အဆင့်အတန်း မြင့်တတ်လာနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရထား တွဲဆိုင်းသစ်များ တိုးချဲ့ဝယ်ယူခြင်းဖြင့် ခရီးသည် ပို့ဆောင်ရေး ကဏ္ဍအတွက် များစွာ အထောက်အပံ့ ဖြစ်စေပြီး မြန်မာ့ မီးရထားကို ခရီးသွား ပြည်သူများ ပိုမို အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117