Connect with us

Local

ဘဏ္ဍာနှစ် ၃ လအတွင်း ကုန်သွယ်မှု လိုငွေ ကန်ဒေါ်လာ ၁၃၅၃.၇၁ သန်း ဖြစ်ပေါ်ခဲ့

ဆိပ်ကမ်း၌ ကုန်သေတ္တာများ တင်/ချ ပြုလုပ်နေမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လ အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၇၇၉၅.၇၉ သန်း ဖြစ်ပြီး ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၁၃၅၃.၇၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်း အဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။

ဧပြီလမှ ဇွန်လ အတွင်း မြန်မာနိုင်ငံ၏ ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂၂၁.၀၄ သန်း တင်ပို့ နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅၇၄.၇၅ သန်း ဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ၇၇၉၅.၇၉ သန်း ရှိကြောင်း သိရသည်။

ထို့အတူ ဇွန်လအတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၄၉.၆၁ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၃၄၈.၂၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.