Connect with us

Local

မြိတ်မြို့အနီးရှိ မြန်မာ့ ပင်လယ်ပြင် အတွင်း တရားမဝင် ရှပ်ဆွဲလှေ တစ်စင်း ဖမ်းဆီးရမိ

ပင်လယ်ပြင် အတွင်း ဖမ်းဆီးရမိသော တရားမ၀င် ရှပ်ဆွဲလှေအား တွေ့ ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်မြို့ အနီးရှိ မြန်မာ့ ပင်လယ်ပြင် အတွင်း ပိုက်လှေငယ် အသွင်ဆောင်ကာ တရားမဝင် ရှပ်ဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့်လှေအား ရေပြည့်အော် အနောက်ဘက် ရေပြင်၌ ဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ပင်လယ်ပြင် လုံခြုံရေး ဆောင်ရွက်စဉ် စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေပြည့်အော်၏အနောက်မြောက် ဘက်၌ မသင်္ကာဖွယ် စက်လှေ တစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေး သဖြင့် လိုက်လံ ဖမ်းဆီး ခဲ့ရာ မြိတ်မြို့၏ အနောက် တောင်ဘက် ရေမိုင် ၁၉ မိုင်ခန့်အကွာ၌ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိလှေပေါ်တွင် အမျိုးသားခြောက်ဦး တို့ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများ၊ စက်လှေနှင့် ဆက်စပ် ပစ္စည်းများအား မြိတ်မြို့ရှိ ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.