Connect with us

Local

မလေးရှားနိုင်ငံ၊ FMM – MATRADE Export Acceleration Mission ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့်ဆွေးနွေးမည်

မလေးရှား နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲဖိတ်စာအားတွေ့ရစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ၊ FMM-MATRADE Export Acceleration Mission ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက် တွင် လာရောက်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

ကျေးလက်ဒေသလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ရေဆိုးသန့်စင်ရေးလုပ်ငန်းများ၊ Sanitary Landfill လုပ်ငန်းများ၊ Effective Portable Water နှင့် သက်ဆိုင်သောလုပ်ငန်းများ၊ Solar Energy Application နှင့် သက်ဆိုင်သောလုပ်ငန်းများ နှင့် စပ်လျဉ်း၍ လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

စိတ်ပါဝင်စားသော စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် တက်ရောက်လိုပါက နိုင်ငံတကာဆက်ဆံရေးဌာန အီးလ်မေး [email protected] သို့အမည်စာရင်းပေးပို့ပေး နိုင်ကြောင်း၊ Delegation List (ကိုယ်စားလှယ်အဖွဲ့စာရင်း) အား http://www.umfcci.com.mm/?p=4679 တွင်ကြည့်ရှုနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.