Connect with us

Local

ရန်ကုန် စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီ ပထမ ပုဂ္ဂလိက ဘဏ်၏ ရှယ်ယာများကို ဇန်နဝါရီ ၂ဝ ရက်တွင် စတင် ရောင်းချပေးမည်

စတော့အိတ်ချိန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- YSX)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ရန်ကုန် စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာမည့် ပထမ ပုဂ္ဂလိက ဘဏ်၏ ရှယ်ယာများကို ဇန်နဝါရီ ၂ဝ ရက်တွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်အရသိရသည်။

ပထမ ပုဂ္ဂလိကဘဏ်ကို ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက်၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီအဖြစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရန်ကုန် စတော့အိတ်ချိန်းက အတည်ပြု ပေးပြီး ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ အဆိုပါ ဘဏ်၏ ရှယ်ယာများကို ရန်ကုန် စတော့အိတ်ချိန်း၌ စတင် ရောင်းချသွားမည် ဖြစ်ပြီး စတင် ဖွင့်လှစ် ရောင်းချသွားမည့် ရှယ်ယာများ၏ ဈေးနှုန်းကို ရန်ကုန် စတော့အိတ်ချိန်း ပြန်လည် ဖွင့်လှစ်မည့် နေ့တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်မှ ကြေညာပေးသွားမည် ဖြစ်သည်။ ထို့ကြောင့် ပထမပုဂ္ဂလိက ဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်း၌ စတုတ္ထမြောက် စာရင်းဝင်ကုမ္ပဏီလည်း ဖြစ်လာမည့်အပြင် ၂ဝ၁၇ ခုနှစ် အတွင်း ရန်ကုန် စတော့အိတ်ချိန်း၏ ပထမဆုံး စာရင်းဝင်ခွင့် ရပြီး ရှယ်ယာများ ရောင်းဝယ်ခွင့်ရသည့် ကုမ္ပဏီတစ်ခု ဖြစ်လာမည် ဖြစ်သည်။ စိတ်ဝင်စားသူများ အနေဖြင့် ysx-mm.com ၌ ကြိုတင်ဝင်ရောက် လေ့လာ ဖတ်ရှုနိုင်ပြီး လက်ရှိတွင် FMI၊ သီလဝါအထူး စီးပွားရေးဇုန်နှင့် MCB ဘဏ်တို့က စတော့ ဈေးကွက်၌ ဝင်ရောက် ရောင်းချလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.