Connect with us

Local

သီလဝါပူးပေါင်း ဆိပ်ခံတံတားကို ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်မည်

ရန်ကုန်မြို့ရှိ သီလ၀ါ ဆိပ်ကမ်းအ၀င်တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ဆန်နှင့် ပို့ကုန်ထွက်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်မည့် သီလဝါ ပူးပေါင်းဆိပ်ခံတံတားကို ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO)ထံမှ သိရသည်။

အဆိုပါ တံတားစီမံကိန်းကို သုံးနှစ်အတွင်း အပြီး ဆောက်လုပ်မည်ဟု လျာထားပြီး ဘတ်ဂျက်လျာထားချက်က အမေရိကန်ဒေါ်လာ ၈၆ သန်းရှိသည်။

သီလဝါမြေကွက် အမှတ် (၂၇)၊ (၂၈)၊ (၂၉) တို့နှင့် ပူးပေါင်းတံတားအဖြစ် မီတာ ၅၉ဝ တံတားတည်ဆောက်ရန် ဖြစ်ပြီး တံတားပူးပေါင်း တည်ဆောက်ရန် ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၅ ရက်က တင်ဒါခေါ်ရာတွင် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီ ၂၃ ခုက တင်ဒါတင်သွင်းခဲ့သည်။ လက်ရှိတွင် လေးဖွဲ့ကို စိစစ်၍ ပမာဏအနေဖြင့် ရွေးချယ်ထားပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီဒုတိယပတ်တွင် အဖွဲ့တစ်ဖွဲ့ကို ရွေးချယ်မည်ဖြစ်သည်။

လက်ရှိတွင် သီလဝါအကွက်အမှတ် (၂၈) ပူးပေါင်းဆိပ်ခံတံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ Myanmar Edible Oil Industrial Public Corporation Ltd. (MEICO),Myanmar Agribusiness Public Corporation Ltd.(MAPCO) and Myanmar General Development Public Ltd. (MAGDPL) တို့ သုံးဖွဲ့ပူးပေါင်း ပြီး ဆိပ်ခံတံတား မျက်နှာစာ အလျား ၅၉ဝ မီတာအများဆုံး၊ တံတားအကျယ် ၃ဝ မီတာ အနည်းဆုံးနှင့် ကင်းထောက်တံတားများ အပါအဝင် ကုန်သေတ္တာများ ကိုင်တွယ်တင်ချခြင်း အဆင့်အထိ အသုံးပြုနိုင်သော ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှခွင့်ပြုထားပြီးဖြစ်ပြီး ပူးပေါင်း ဆိပ်ခံ တံတား တည်ဆောက်နိုင်ရန် တင်ဒါများ ခေါ်ယူထားကာ MAPCO အနေဖြင့် ကျန်အများပိုင် ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.