Connect with us

Local

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။

တွေ့ဆုံရာတွင် ဝန်ကြီးချုပ်အား အဆိုပါ ဌာနမှတာဝန် ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန် း ဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း၊

အဆိုပါ ဥပဒေ(မူကြမ်း)အား တင်ပြရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လျှပ်စစ်၊စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နှင့်တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.