Connect with us

Local

အဂတိ လိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက်ကို ကုန်သည် စက်မှု အသင်းချုပ် နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့လက်မှတ် ရေးထိုး


ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

အဂတိ လိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက် တစ်ရပ်အား မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC) တို့ သဘောတူ လက်မှတ် ရေးထိုးခြင်းကို ယနေ့ဇူလိုင် ၂ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ် ခဲ့သည်။

နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း ပုဂ္ဂလိက ကဏ္ဍ စီးပွားရေး လုပ်ငန်းများ အကြား ကျင့်ဝတ် ပြည့်ဝသော စီးပွားရေးလုပ်ငန်းအလေ့အကျင့်များ ဖွံ့ဖြိုးလာစေရန် ၊ အဂတိလိုက်စားမှုကို ဆန့်ကျင် ကြရန် အတွက် ထိုကဲ့သို့သဘောတူ လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း သိရသည်။

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဆင်ဟွာ)

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဆွေးနွေး ပြောကြားစဉ် (ဆင်ဟွာ)

UMFCCI အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက်က ဆွေးနွေး ပြောကြားစဉ်(ဆင်ဟွာ)

အဂတိလိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက် ရေးထိုးပွဲ နှင့် စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ ကျင့်ဝတ်များ ဖွံ့ဖြိုးလာစေခြင်း ဆွေးနွေးပွဲအား တွေ့ရစဉ်(ဆင်ဟွာ)

အဂတိ လိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက်အား လက်မှတ် ရေးထိုး အပြီး နှစ်ဖက် တာဝန်ရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ပြည်တွင်းမှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းများဟာ အဂတိ လိုက်စားမှုမှာ ပါဝင်ခြင်း မရှိကြဘဲ အဂတိ လိုက်စားမှုကို နားလည်ပြီး ရှောင်ကျဉ်ကြရန် လိုအပ်ပါတယ်။ ဒါမှလဲ မိမိတို့ နိုင်ငံရဲ့စီးပွားရေး ဝန်းကျင်ကောင်း တစ်ခု ပေါ်ပေါက် လာပြီးတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မိမိတို့နိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် လာကြမှာ ဖြစ်ပါတယ်။”ဟု အဂတိလိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက် ရေးထိုးပွဲ နှင့် စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ ကျင့်ဝတ်များ ဖွံ့ဖြိုးလာစေခြင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ထို့အတူ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် တတ်နိုင်သ၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဘက်တွင် ပူးပေါင်း ဆောင်ရွက် သွားကြရန် UMFCCI ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC) ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိ လိုက်စားမှု တိုက်ဖျက် ရေး လုပ်ငန်းစဉ် အတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည့် အချိန်ကာလတွင် အားလုံး ယခုလို တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် လာကြခြင်းသည် အလွန် ကြီးမားသည့် အောင်မြင်မှု တစ်ခုဟု ယူဆကြောင်း အဂတိ လိုက်စားမှု တားဆီး ကာကွယ်ရေး နှင့် ကျင့်ဝတ် ရေးဆွဲရေး ခေါင်းစဉ်ဖြင့် တင်ပြ ဆွေးနွေး ခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတွက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ အနက် ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေး ၊ ပညာပေးရေး လုပ်ငန်းကို ဦးစားပေး လုပ်ငန်း တစ်ခု အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း ၊ မူလတန်း ပညာရေးမှ စတင်၍ ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေး လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက် သွားရန် စီစဉ်နေကြောင်း ACC ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့သည်။

ထို့အတူ အဂတိ လိုက်စားမှု တိုက်ဖျက်ရာတွင် ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်သည် လွန်စွာ အရေးကြီး သည့် အစိတ်အပိုင်း ဖြစ်ကြောင်း ၊ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား အများပြည်သူ ဆိုင်ရာ အဖွဲ့ အစည်း များ ၊ အစိုးရ ဌာနများတွင် တားဆီး ကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းနိုင်ရေး အတွက် ဆွေးနွေး ၊ စီစဉ် မှုများ ပြုလုပ် နေကြောင်း ၊ အသင်း အဖွဲ့များ ဖွဲ့စည်းနိုင်ရန် စည်းမျဉ်းစည်းကမ်းများလည်း ပြဋ္ဌာန်း ရေးဆွဲ နေကြောင်း သိရသည်။

UMFCCI အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက်က Business Against Corruption ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာတွင် ယနေ့မှ စတင်၍ လုပ်ငန်းရှင်များ အားလုံး ကျင့်ဝတ် သိက္ခာ နှင့် ပြည့်စုံသည့် စီးပွားရေး ဖြစ်အောင် ဖန်တီးကြရန် ထည့်သွင်း ပြောကြားခဲ့သည်။

အဂတိ လိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက်တွင် UMFCCI နှင့် ACC တို့အနေဖြင့် နှစ်ဦးနှစ်ဖက် ပူးပေါင်း လုပ်ဆောင်ရန် ကတိကဝတ် ပြုထားချက်များ ရှိကြောင်း ၊ အသင်းချုပ်တွင် ပါဝင်သည့် ကုမ္ပဏီများ တွင် လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်(COC) ရေးထိုးရန် ၊ အဂတိ လိုက်စားမှုအား ဆန့်ကျင်ခြင်း နှင့် ပတ်သတ်၍ အသိ တရား တိုးပွားအောင် စွမ်းဆောင်ရည် မြှင့်တင်သည့် အလုပ်များ လုပ်ဆောင်ရန် စသည့် အချက်များအား ပါဝင်၍ ကတိကဝတ် လက်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း UMFCCI အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက်က ပြောကြားခဲ့သည်။

ထိုပူးတွဲကြေညာချက်အား မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.