Connect with us

Local

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ၊ လူမှု အသိုင်းအဝိုင်းများ အကြား သဟဇာတ ဖြစ်ရေး ၊ စီးပွားရေး ပြုပြင် ပြောင်းလဲ ရေး အတွက် ဆက်လက် ကူညီသွားမည်ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

ကမ္ဘာ့ ဘဏ်၏ အမှတ်အသားအား တွေ့ ရစဉ်(ဓာတ်ပုံ- World Bank Myanmar)

ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ၊ လူမှု အသိုင်းအဝိုင်းများ အကြား သဟဇာတ ဖြစ်ရေး ၊ စီးပွားရေး ပြုပြင် ပြောင်းလဲ ရေး အတွက် ဆက်လက် ကူညီသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဒုတိယ ဥက္ကဋ္ဌက အတည်ပြု ပြောကြား ကြောင်း ယနေ့ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ် ဒေသ ဒုတိယ ဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၈ ရက်မှ ၁၀ ရက် အတွင်း လာရောက်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများအပြင် အခြား သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ထိုခရီးစဉ် အတွင်း မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၊ ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အသင်း ရန်ပုံငွေဖြင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး နှင့် လူမှုအသိုင်းအဝိုင်းများ အကြား သဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် ပံ့ပိုး ကူညီသွားနိုင်ရန် အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းဝင် အသွင်ကူးပြောင်းရေး ဆောင်ရွက်မှုများတွင် ဆက်လက် ပံ့ပိုး ကူညီ သွားမည် ဖြစ်သည့် အပြင် ပဋိပက္ခ ဒေသများတွင် လူမှု အသိုင်းအဝန်းများ အကြား သဟဇာတ ဖြစ်ရေး ကြိုးပမ်း ဆောင်ရွက်ရာတွင် အထူး အလေးပေး ပံ့ပိုး ကူညီ သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ လုပ်ငန်း အစီအစဉ် အသစ်များ ဆောင်ရွက်ရာတွင် အခြား ကဏ္ဍများ အပြင် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ရပ်ရွာ အသိုင်းအဝိုင်းများ အတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဖော်ဆောင် နိုင်ရန် ဆက်လက် ပံ့ပိုး ကူညီ သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရ နှင့် UNHCR/UNDP တို့အကြား မကြာခင်က ချုပ်ဆိုခဲ့သည့် နားလည်မှု စာချွန်လွှာပါ သဘောတူညီချက်များအား အကောင်အထည် ဖော်ရာတွင် လည်းကောင်း ၊ အာနန် ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည် ဖော်ရာတွင် လည်းကောင်း အဘက်ဘက်မှ ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.