Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လူတစ်ဦးချင်း၏ လျှပ်စစ်သုံးစွဲနိုင်မှု ၄၉၂ယူနစ်အထိ ရှိခဲ့

လျှပ်စစ်တာဝါတိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်သုံးစွဲနိုင်မှုယူနစ်သည် ၄၉၂ယူနစ်အထိရှိလာကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်ထိ ဓာတ်အားလိုင်း ၃၃,၉၄၉ မိုင်နှင့် ဓာတ်အားခွဲရုံများအနေဖြင့်၂၁,၃၉၂ ရုံကိုလည်းတိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့သောကြောင့် လူတစ်ဦးချင်း၏ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်မှုမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၂၉၈ယူနစ်သာ သုံးစွဲနိုင်ရာမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ၄၂၉ ယူနစ်အထိ ယူနစ် ၁၃၀ ကျော် တိုးတက်လာသုံးစွဲလာနိုင်ကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးစိုးမြင့်က “ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ လျှပ်စစ်ဓာတ်အားတွေ တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ဒါကြောင့် တစ်ဦးချင်းလျှပ်စစ်သုံးစွဲနိုင်မှုတွေလည်းတိုးတက်လာပါတယ်’’ ဟုဆင်ဟွာသို့ အောက်တိုဘာ ၂၂ ရက်တွင်ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ၃၄ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်သူ ၅၄ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.