Connect with us

Local

ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း မြန်မာနိုင်ငံ၏ အွန်လိုင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကြီးမားစွာတိုးတက်လာ

မြန်မာနိုင်ငံရှိ E-commerce လုပ်ကိုင်ဆောင်ရွက်သူ မထက်ထက်အောင် အလုပ်လုပ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း မထက်ထက်အောင်၏ အွန်လိုင်းစတိုး က လျော့ကျသွားခြင်းမရှိဘဲ ရောင်းအားပိုမိုတိုးမြင့်လာခဲ့သည်။ အွန်လိုင်းစတိုးမှ ရရှိသည့်အကျိုးအမြတ်က သူမမိသားစု ၃ ဦး၏ နေ့စဉ်အသုံးစရိတ်ကို အပြည့်အဝထောက်ပံ့ပေးနိုင်ခဲ့သည်။

မထက်ထက်အောင်သည် ရန်ကုန်မြို့တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှစတင်ကာ အိမ်မှနေ၍ အွန်လိုင်း မှ အလှကုန်နှင့်အသားအရေထိန်းသိမ်းသောပစ္စည်းများကို ရောင်းချခဲ့သည်။

မြန်မာနိုင်ငံရှိ E-commerce လုပ်ကိုင်ဆောင်ရွက်သူ မထက်ထက်အောင် အလုပ်လုပ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ E-commerce လုပ်ကိုင်ဆောင်ရွက်သူ မထက်ထက်အောင် နှင့် ၎င်း၏သမီး ခင်ချမ်းမြေ့သွင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 မြန်မာနိုင်ငံရှိ E-commerce လုပ်ကိုင်ဆောင်ရွက်သူ မထက်ထက်အောင် အလုပ်လုပ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မထက်ထက်အောင်က “E-commerce ဆောင်ရွက်ခြင်းက ကျွန်မအတွက်ကောင်းမွန်တဲ့ ဝင်ငွေတစ်ရပ် ရခဲ့သလို အသိမိတ်ဆွေများစွာလည်းရရှိခဲ့တယ်”ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အင်တာနက်ဖွံ့ဖြိုးတိုးတက်မှုက သူမအတွက် E-commerce ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းတစ်ရပ် ဖြစ်စေခဲ့ပြီး E-commerce သည်လည်းယခုချိန်တွင် သူမ၏အဓိအလုပ်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိသည့်အနက် လူဦးရေပေါင်း ၃၅ သန်းခန့်က အင်တာနက် အသုံးပြုကြကာ အများစုမှာ မိုဘိုင်းဖုန်းမှတဆင့်အသုံးပြုကြသည်။ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ က “မြန်မာနိုင်ငံ မှာ မိုဘိုင်းကွန်ယက်လွှမ်းခြုံနိုင်မှု က ၉၅ ရာခိုင်နှုန်းကျော်လောက်ရှိနေပြီ ။ 4G ကွန်ယက်လွှမ်းခြုံမှုက တစ်နိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်လောက်ရှိပါတယ် ၊ ကပ်ရောဂါဖြစ်တာက ဆိုးကျိုးတွေအများကြီးပါ ၊ ကပ်ရောဂါကတွန်းပို့လိုက်တာ E-commerce ပေါ့ ၊ New Normal လိုပေါ့ ၊ COVID-19 ရောဂါ မဖြစ်ခင်ကထက် အင်တာနက်သုံးစွဲမှုက ၅၀ ခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် အထိပိုပြီး တိုးလာတယ်” ဟု ပြောကြားခဲ့သည်။

မထက်ထက်အောင် က ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း၌ နေ့စဉ်ကုန်ပစ္စည်းများ ရောင်းထွက်နိုင်ခဲ့ပြီး အများဆုံးအချိန်တွင် တစ်နေ့လျှင်ကုန်ပစ္စည်းအခုရေပေါင်း တစ်ထောင်ကျော် ရောင်းချနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက် က ကပ်ရောဂါဖြစ်ပွားမှုကြောင့် အတိုင်းအတာတစ်ခုအနေဖြင့် မြန်မာနိုင်ငံ ၌ အွန်လိုင်းတွင် ကုန်ပစ္စည်းဝယ်ယူခြင်းကို တွန်းအားပေးစေခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် အစားအသောက်မှာယူခြင်း ၊ အွန်လိုင်းမှ ပညာသင်ကြားခြင်း ၊ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း နှင့် အွန်လိုင်းအစည်းအဝေးများ ပြုလုပ်ခြင်းစသည့် အင်တာနက်စီးပွားရေးတို့ကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူ က ကပ်ရောဂါဖြစ်ပွားစဉ်ကာလ အတွင်း လက်ကားဈေးကြီးအများစုပိတ်ထားရပြီး ဈေးဆိုင်ပိုင်ရှင်များက အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများအားရောင်းချလာခဲ့ကြကြောင်း ၊ ယင်းမှာအလွန်ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာဖြစ်ပြီး ယခင်ချိန်တွင်လူများက မျက်နှာချင်းဆိုင်အရောင်းအဝယ်ပြုလုပ်ခြင်းကို နှစ်သက်ကြသော်လည်း ကပ်ရောဂါဖြစ်ပွားချိန်တွင် အွန်းလိုင်းမှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်ခြင်း က ပိုမိုတွင်ကျယ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဦးမျိုးသူ က အွန်လိုင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အွန်လိုင်းငွေပေးချေမှု က လွန်စွာအရေးပါကြောင်း ၊ မြန်မာနိုင်ငံ ၌ ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း အွန်လိုင်းငွေပေးချေမှု ကို တွင်ကျယ်စွာအသုံးပြုခဲ့ကြပြီး ဘဏ်အများစုက မိုဘိုင်းဘဏ်ဝန်ဆောင်မှုကိုထောက်ပံ့ပေးခဲ့ကြောင်း ၊ ယခင်ချိန်တွင် ငွေပေးချေရန် သက်ဆိုင်ရာဌာနများကို ကိုယ်တိုင်သွားခဲ့ရပြီး လက်ရှိချိန်တွင် အများစုအားဖြင့် အွန်လိုင်းမှတစ်ဆင့်ငွေပေးချေနိုင်ကြောင်း ပြောကြားခဲ့သည်။
မထက်ထက်အောင်အနေဖြင့် E-commerce စတင်ပြုလုပ်ချိန်မှစ၍ အွန်လိုင်းငွေပေးချေမှု ကို အသုံးပြုခဲ့ပြီး လက်ရှိချိန်တွင် သူမရောင်းချခဲ့သည့် ကုန်ပစ္စည်းအများစု က အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညီညီအောင် က ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း မြန်မာနိုင်ငံ ၌ အွန်လိုင်းပလက်ဖောင်းမှ ရောင်းချမှု က သိသာစွာမြင့်တက်လာခဲ့ပြီး ဝန်ကြီးဌာန အနေဖြင့် အွန်လိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် သက်ဆိုင်ရာ မူဝါဒများကို ရေးဆွဲနေကြောင်း ပြောကြား ခဲ့သည်။

မထက်ထက်အောင် က သူမအနေဖြင့် နံနက်ပိုင်းအချိန်တွင် အွန်လိုင်းစတိုးအား စီမံခန့်ခွဲမှုဆောင်ရွက်ပြီး ညပိုင်းအချိန်တွင် သူမ၏ ရောင်းချမှုအဖွဲ့ နှင့် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးပြုလုပ်ခြင်း သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် သူမ ၏ အဖွဲ့ဝင်များအား သင်တန်းပို့ချခြင်း ကို ဆောင်ရွက်ကြောင်း ၊ မြန်မာနိုင်ငံ ၏ အွန်လိုင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာက ကြီးမားစွာဖွံ့ဖြိုးတိုးတက်လာပြီး ကပ်ရောဂါပြီးဆုံးချိန်တွင် ပိုမိုကြီးမားစွာ ဖွံ့ဖြိုးတိုးတက်လာနိုင်ဖွယ်ရှိကြောင်း ၊ မိမိအနေဖြင့် မိမိ၏ E-commerce လုပ်ငန်းအတွက် ကောင်းမွန်သည့်အနာဂတ်ကို ရေးဆွဲထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)