ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို ဒေါ်လာရောင်းချပေးလျက်ရှိပြီး ရောင်းချပေးသည့် ဒေါ်လာပမာဏမှာ တစ်ရက်လျှင် တစ်သိန်းဝန်းကျင်ရှိကာ ဇူလိုင် ၂၇ ရက်မှ ယနေ့အထိ အမေရိကန်ဒေါ်လာ ရှစ်သိန်း ရောင်းချပေးပြီး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာနေ့အခမ်းအနားကို သြဂုတ်လ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း(MEEA) အား တိုင်းရင်းသား မျိုးနွယ်စု (၈) မျိုးအား အခြေခံပြီး မျိုးနွယ်စု တစ်ခုချင်းစီအလိုက် မဲပေးစနစ်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း ၂၇ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေကို ယမန်နှစ်ကထက် ကျပ် ၈၇ ဘီလီယံ ပိုမိုထောက်ပံ့ရန်လျာထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) ဒေါ်လာဈေးဆက်လက်မြင့်တက်လျက်ရှိပြီး ဒေါ်လာဈေးမြင့်တက်သည့် အတွက် မြန်မာ့ငွေကြေးသည် ဇူလိုင်လ ၉ ရက်နေ့ အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခင်ထက် မြန်မာငွေကြေးတန်ဖိုး ဝ.၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများဆောင်ရွက်နေကြောင်း အကြောင်းကြားရန် ထပ်မံနှိုးဆော်ချက်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင်၁၂ ရက် (ဆင်ဟွာ) ၂၀၁၈ မေလတွင် ထုတ်ပြန်ခဲ့သောကမ္ဘာ့ဘဏ် အုပ်စု၏ မြန်မာ့ စီးပွားရေးစောင့်ကြည့် အစီရင်ခံ ခြင်း(MEM:_ Myanmar Economic Monitor) အရ မြန်မာနိုင်ငံ၏ GDP မှာတိုးတက်လာလျက် ၇ှိပြီးအခြားသော စီးပွားရေးဆိုင်ရာညွှန်းကိန်းများလည်းတိုးတက်လာမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုအားကောင်းလာရန် ဆောင်ရွက်ပေးဖို့ လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ်...
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ် ခွင့်ပြုပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများမှလည်း လိုအပ်သော ဝန်ဆောင်မှုများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုကြောင်း ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရားမဝင် ကုန်သွယ်မှုများကို တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ရေပူ နှင့် မရမ်းချောင် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းများတွင် သာမက နယ်စပ်ဒေသ နှင့် ထိစပ်လျက် ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် အထူးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း...
ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ၊ လူမှု အသိုင်းအဝိုင်းများ အကြား သဟဇာတ ဖြစ်ရေး ၊ စီးပွားရေး ပြုပြင် ပြောင်းလဲ ရေး အတွက် ဆက်လက် ကူညီသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဒုတိယ ဥက္ကဋ္ဌက အတည်ပြု...