Local
SME လုပ်ငန်းများတိုးတက်ရေးဆောင်ရွက်ရန် ကုန်သည်စက်မှုအသင်းချုပ် နှင့် Myanmar Business Executives တို့ မကြာမီနားလည်မှုစာချွန်လွှာရေးထိုးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ကုန်သည်စက်မှုအသင်းချုပ် ၏ အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီနှင့် Myanmar Business Executives အဖွဲ့အစည်းတို့ သည် SME လုပ်ငန်းများတိုးတက်ရေး စတင်နိုင်ရန် မကြာမီကာလအတွင်းမှာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို ရေးထိုးကြမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
နှစ်ဖက်အဖွဲ့အစည်းများအနေနှင့် လုပ်ငန်းအစီအစဉ်များအား ကျေးလက်ဒေသများ အထိပါ သွားရောက်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ကုန်သည်စက်မှုအသင်းချုပ် ၏ အသေးစား၊ အလတ်စားလုပ်ငန်း(SME )စီးပွားရေး အကြံပေးလုပ်ငန်းကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
SME တွေအတွက် ရည်ရွယ်သည့် စီမံခန့်ခွဲမှု နှင့် ဘဏ္ဍာရေးဆိုင်ရာ သင်တန်းများ၊ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေး အစီအစဉ်များ ကို ပူးပေါင်းဆောင်ရွက်ရန် ကနဦး သဘောတူညီခဲ့ကြကြောင်း သိရသည်။
Myanmar Business Executives သည် MBA ဘွဲ့ရသူများ စုစည်းထားတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း၊ အဖွဲ့ဝင်ဦးရေ ၁၂၀ ကျော် ပါဝင်တဲ့ Myanmar Business Executives က လက်ရှိတွင် စီးပွားရေးဆိုင်ရာ ပညာပေး အစီအစဉ်များအပြင်၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)