Connect with us

Local

အမှတ် (၃၅) အကြီးစားစက်ရုံ (ချောက်)အား နှစ်ရှည် ဌားရမ်းရေး ဆွေးနွေး သဘောတူညီမှု စာလွှာ လက်မှတ် ရေးထိုး

ဆွေးနွေး သဘောတူညီမှု စာလွှာအား လက်မှတ်ရေးထိုး လဲလှယ်စဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

အမှတ် (၃၅)အကြီးစားစက်ရုံ (ချောက်)အား Myanmar Electrical Business Group Public Co., Ltd. သို့ နှစ်ရှည် ဌားရမ်းရေး ”ဆွေးနွေး သဘောတူညီမှုစာလွှာ” (Agreement on Discussion) အား လက်မှတ် ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သည်။

စက်ရုံအား နှစ်ရှည် ဌားရမ်းရေး စာချုပ်ချုပ်ဆိုပြီးနောက် စက်ရုံတွင် ခေတ်မီစက်များနှင့် နည်းပညာများ ထပ်တိုး ဖြည့်ဆည်းပြီး လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သော လျှပ်ကာ ကြွေသီး နှင့် လျှပ်စစ် ပစ္စည်းများကို နိုင်ငံတကာ သတ်မှတ် စံနှုန်းများအတိုင်း ထုတ်လုပ်၍ ဖြန့်ဖြူး ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုဆွေးနွေး သဘောတူညီမှု စာလွှာကို အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်ခင်မာရီနှင့် Myanmar Electrical Business Group Public Co., Ltd. မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်သိန်း တို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်မှတ်ရေးထိုးပြီး စာချုပ်အား အပြန်အလှန် လဲလှယ် ခဲ့ကြကြောင်း သိရသည်။

ထိုအခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက လျှပ်ကာကြွေသီးများသည် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အခြေခံ လိုအပ်ချက်ပင် ဖြစ်ကြောင်း ၊ အခြေခံ အဆောက်အအုံ ဆိုင်ရာ လိုအပ်ချက် ဖြစ်သည့် အတွက် အရည် အသွေး ကောင်းမွန် ပြီး ရေရှည် အသုံးခံနိုင်စေရန် International Electrotechnical Commission (IEC) စံနှုန်းများနှင့် အညီ ထုတ်လုပ် ရမည် ဖြစ်ကြောင်း ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ထိခိုက်မှုများ မရှိစေရန် လိုအပ်သော အကြို လေ့လာ ဆန်းစစ်မှုများကို ကြိုတင်ဆောင်ရွက်ရန်၊ လုပ်ငန်း စတင်လည်ပတ်လုပ်ကိုင်ရာတွင် လည်း စက်ရုံရှိ ဝန်ထမ်းများနှင့် အနီး ပတ်ဝန်းကျင်ရှိ ပြည်သူလူထုအတွက် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်း များ ဆောင်ရွက်ပေးရန်နှင့် ဈေးကွက်တွင် ပြည်ပမှ တင်သွင်းလာသည့် ပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.