Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအတွင်းSMEလုပ်ငန်းများ စာရင်းကောက်ယူခြင်းဆောင်ရွက်

လုပ်ငန်းစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း လုပ်ငန်းကို ရှေ့ပြေးစစ်တမ်းအဖြစ်ဆောင်ရွက်စဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းSMEလုပ်ငန်းများ စာရင်းကောက်ယူခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင် နိုင်ခြေရှိသောလုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်းတို့ အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြု သည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(SME)ကို ပံ့ပိုးကူညီ ပေးရန်ဟူသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ဆောင်ရွက်လျက်ရှိသောSME စာရင်းကောက်ယူ၍ လုပ်ငန်းစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်းအပြင် ကောက်ယူရရှိလာသော စာရင်းအင်းများကိုSME Data Centre တစ်ခု ထူထောင်၍ SME လုပ်ငန်းများအနက်မှ မည်သည့်လုပ်ငန်းများကို စတင် မြှင့်တင်ပေးရမည်ကို ဆုံးဖြတ်ပေးခြင်းနှင့် ချေးငွေရယူရန် စီစဉ်ပေးခြင်းတို့ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ SME စာရင်းများကို အခြေပြုပြီးတိုင်းဒေသကြီးအတွင်း လုပ်ငန်းစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း လုပ်ငန်းကို ရှေ့ပြေးစစ်တမ်းအဖြစ် တောင်ဒဂုံမြို့နယ်တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ပြီး ဆက်လက်၍ ကျန်မြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ စက်မှုဇုန်ကော်မတီရုံးများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117