Connect with us

Local

မြန်မာစီးပွားရေးဘဏ်က SME လုပ်ငန်းရှင်များအား ကျပ်သန်း ၃၀၀အထိ ထုတ်ချေးမည်

မြန်မာစီးပွားရေးဘဏ်က SME လုပ်ငန်းရှင်များအား ချေးငွေထုတ်ချေးမည့် ကြေညာချက်အား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာစီးပွားရေးဘဏ်က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ(SME)အား ကျပ် သန်း ၃၀၀ထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ချေးငွေ၏ အတိုးနှုန်းသည် ၉ရာခိုင်နှုန်းဖြစ်ပြီး သက်တမ်းအားဖြင့် ၃နှစ်မှ ၅နှစ်အတွင်းဖြစ်ကြောင်း၊ SMEလုပ်ကိုင်သည့် အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးအား အများဆုံး ကျပ် သန်း၃၀၀အထိ ထုတ်ချေးမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် ချေးငွေကို ပုံမှန်ရင်းနှီးငွေ(Fixed Captial)အဖြစ် ၅၀ရာခိုင်နှုန်း၊ လှည့်လည်ရင်းနှီးငွေ(Working Capital)အဖြစ် ၅၀ရာခိုင်နှုန်း အသုံးပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

ယင်းချေးငွေများပြန်လည် ပေးဆပ်ရာတွင် ၃နှစ်ဖြစ်ပါက တစ်နှစ်ဆိုင်းငံ့၊ ၂နှစ်အတွင်း ၄ရစ် ဆပ်ဖြင့်လည်းကောင်း၊ ၄နှစ်ဖြစ်ပါက ၁နှစ်နှင့် ၆လဆိုင်းငံ့၊ ၂နှစ်နှင့် ၆လအတွင်း ၅ရစ်ဆပ်ဖြင့်လည်းကောင်း၊ ၅နှစ်ဖြစ်ပါက ၂နှစ်ဆိုင်းငံ့၊ ၃နှစ်အတွင်း ၆ရစ်ဆပ်ဖြင့်လည်းကောင်း ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ(SME)အနေဖြင့် ချေးငွေအတွက် အာမခံအဖြစ် မရွေ့မပြောင်းနိုင်သော မြေနှင့် အဆောက်အအုံအပြင် စက်၊ယာဉ်၊ယန္တရား၊ရွှေထည်နှင့် ရွှေအတုံးများ၊ အပ်ငွေအမျိုးမျိုး၊ အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်၊ စတော့ရှယ်ယာ၊ ဒီဘင်ချာ၊ ဘဏ်အာမခံ၊ အစိုးရအာမခံ၊ ချေးငွေအာမခံများကိုလည်း အာမခံအဖြစ် လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။ချေးငွေရယူနိုင်သည့် SME လုပ်ငန်းများသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနက ထုတ်ပေးထားသော SME လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက်ထုတ်ပေးထားသော လုပ်ငန်းရှင်ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117