ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အများပြည်သူများ ဝယ်ယူသုံးစွဲမှု အဆင်ပြေစေရေးအတွက် စက်သုံးဆီ ဈေးနှုန်းများအား ဈေးလျှော့ ရောင်းချရန် ညှိနှိုင်း ဆောင်ရွက်လိုက်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် Dry Port (ကုန်းတွင်းဆိပ်) ရှစ်ခုကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား ပို့ဆောင်ရေး လုပ်ငန်းမှ Dry Port ကုန်းတွင်းဆိပ် စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်း (IFC) က ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများဖြစ်သော ဟို တယ်လုပ်ငန်း၊ လျှပ်စစ် ဓာတ်အားပေးရေး၊ စွမ်းအင်ဆိုင်ရာ လုပ်ငန်းများနှင့် လမ်းတံတားအပါအဝင် အခြေခံအဆောက်အအုံ လုပ်ငန်းများအတွက် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထုတ်ချေးပေးမည်ဖြစ်ကြောင်း IFC ၏ အာရှပစိဖိတ်ဒေသ...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ထွက်ရှိသည့် အင်ကြင်းကျောက်များကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စ၍ ပြည်ပသို့ တင်ပို့မှုအား ရပ်ဆိုင်းထားခဲ့ရာ ၂၀၁၅ ခုနှစ် ကုန်ပိုင်းမှ စတင်၍ တရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့လျက် ရှိကြောင်း မြန်မာနိုင်ငံ အင်ကြင်းကျောက် လုပ်ငန်းရှင်များ...
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ကမ်းနားလမ်းနှင့် ချစ်ကြည်ရေး လမ်းထောင့် မူဆယ်ဗဟို စီးပွားရေးဇုန် စီမံကိန်း အတွင်းရှိ “မင်္ဂလာမူဆယ်” လမ်းလျှောက်ဈေးကို ယခုလ ၁၉ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ ဈေးတည်ဆောက်ရေး တာဝန်ရှိသူထံမှ သိရသည်။
နေပြည်တော် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ဒေသတွင်း အာဆီယံ နိုင်ငံများတွင် ကျင့်သုံးနေသော E-Lottery စနစ်သို့ပြောင်းလဲနိုင်ရေး အတွက် အောင်ဘာလေ ထီဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က ယနေ့ဇန်နဝါရီ ၁၄...
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ယခု နှစ်ဆန်းပိုင်းကမှ အကောင်အထည်ဖော် စတင်ခဲ့သည့် Circuit Breaker လုပ်ထုံး လုပ်နည်း စနစ်အား ဆိုင်းငံ့ လိုက်ကြောင်း ဇန်နဝါရီလ ၇ ရက် ညပိုင်းက တရုတ်နိုင်ငံက ကြေညာလိုက်သည်ဟု သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိကန်ဒေါ်လာ ၆ ဘီလီယံအထိရရှိရန် မျှော်မှန်းထားပြီး ယခုအချိန်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကျော် ရရှိကြောင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု တွင်...
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ယခု ၂၀၁၆ ခုနှစ် အတွက် မော်တော်ယာဉ်များ တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်း အား ယနေ့ဇန်နဝါရီ ၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ အများပြည်သူ အကျိုးငှာ ပြင်ဆင်ဖြေလျှော့ရန်ဆုံးဖြတ်ခဲ့ပြီး...
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းသည် အရှုံးပေါ်သဖြင့် လုပ်ကိုင်ခွင့်ရ Asia World ကုမ္ပဏီမှ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို နိုင်ငံတော်သို့ ပြန်လည် လွှဲပေးမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။