Connect with us

Local

ပြည်သူများအား အသိပညာပေးနိုင်မည့် လူမှုအခြေပြု ဗဟိုဌာနများ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ၁၈ နေရာတွင် ဖွင့်လှစ်နိုင်ရန် လျာထား

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သော တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးပွဲ(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

ပြည်သူများအား အသိပညာပေးနိုင်မည့် လူမှုအခြေပြုဗဟိုဌာန (Community Centre)များကို တိုင်းဒေသကြီး နှင့် ပြည်နယ် များရှိ (၁၈)နေရာတွင် ဖွင့်လှစ်နိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

လူမှုအခြေပြုဗဟိုဌာနများတွင် ကလေးစာဖတ်ခန်း စာကြည့်တိုက်၊ သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမ၊ အစည်း အဝေးခန်းမ၊ အားကစား လေ့ကျင့်ရန်နေရာ၊ Youth Center များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၄၃၄ ရုံးရှိရာ Community Centre ကို မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ ၊ ဟားခါး၊ စစ်ကိုင်း ၊ ထားဝယ်၊ ပြည်၊ မကွေး၊ မော်လမြိုင်၊ စစ်တွေ၊ မန္တလေး ၊ မိတ္ထီလာ၊ တောင်ကြီး၊ လားရှိုး၊ ပုသိမ်၊ သင်္ဃန်းကျွန်း၊ ဗဟန်း၊ လှိုင်မြို့နယ်တို့တွင် ဖွင့်လှစ်ရန် လျာထား ဆောင်ရွက်လျက် ရှိပြီး ဇူလိုင် ၁၆ ရက်တွင် မြစ်ကြီးနားမြို့၌ ဖွင့်လှစ်ခဲ့သည်။

ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ သင့်တော်သည့် နေရာဒေသများတွင်လည်း ထပ်မံဖွင့်လှစ်ရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ထိုနေရာတွင် ကိုယ့်ရပ်ရွာ ကိစ္စများကို ပြောဆို ဆွေးနွေးကြသည့် နေရာမျိုး ဖြစ်လိုကြောင်း ၊ နိုင်ငံရေး ဖြစ်စဉ်တွင် အများပြည်သူ ပါဝင်မှု တိုးတက် စေရန် အထောက်အကူ ပြုသည့် နေရာတစ်ခု ဖြစ်စေရန် ရည်ရွယ်ကြောင်း ၊ ကလေးများ၊ လူငယ်များ၊ ရပ်ရွာလူထု၊ လူကြီး၊ လူလတ် အားလုံးအတွက် ဘက်စုံ အထောက်အကူ ပြုသည့် Centre တစ်ခုဖြစ်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သော တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.