Connect with us

Local

ဒုတိယသမ္မတဦးမြင့်ဆွေ နှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များတွေ့ဆုံသည့် အစည်းအဝေးတွင် ကဏ္ဍ ၄ခုဆွေးနွေးခဲ့

ဒုသမ္မတ ဦးမြင့်ဆွေ နှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များတွေ့ဆုံပွဲ ကိုတွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် လစဉ်ပုံမှန် အစည်းအဝေးတွင် ငါးလုပ်ငန်းကဏ္ဍ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန်ကဏ္ဍ၊ ကြံနှင့်သကြားလုပ်ငန်းကဏ္ဍ၊ ပလတ်စတစ် လုပ်ငန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငါးလုပ်ငန်းကဏ္ဍ

ငါးကန်များနှင့် ပုစွန်ကန်များတွင် တွေ့ကြုံနေရသော ခိုးမှု၊ လုယက်မှုနှင့် အဓမ္မကျူးကျော်မှုများကို ဥပဒေအတိုင်း ထိရောက်စွာ အရေးယူပေးပြီး၊ ကာကွယ်စောင့်ရှောက်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်၊

ဘဏ်ချေးငွေရရှိနိုင်ရန်အတွက် လန – ၃၉ နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း နှစ် (၃၀) ငါးမွေးမြူရေး လုပ်ပိုင်ခွင့်တွင် ရောင်း၊ ပေါင်၊ ငှားရမ်းခွင့် ထည့်သွင်းပေးရန်၊မြန်မာ့ငါးလုပ်ငန်းကဏ္ဍအား နိုင်ငံခြား ငါးမွေးရင်းနှီးမြှုပ်နှံသူများ သိရှိကာ၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့် လွယ်ကူစွာ ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် စီးပွားရေးသံမှူးများမှတစ်ဆင့် ဆက်သွယ် ချိတ်ဆက်ပေးရန် ဆိုသည့်ကိစ္စရပ်များအား မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့် နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်တို့က တင်ပြဆွေးနွေးခဲ့ကြသည်။

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ကဏ္ဍ

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ကဏ္ဍ တွင် ကဏ္ဍတစ်ရပ်လုံးမှ ကုန်စည်များသည် သီရိမင်္ဂလာဈေးတွင်သာ လည်ပတ်ရောင်းချနေရခြင်းကြောင့် အလေ့အလွင့်များနေပြီး၊ အချိန်ကြန့်ကြာခြင်းကြောင့် ယခု တည်ဆောက်နေသည့် တညင်းကုန်း လက်ကားဈေးနည်းတူ ရန်ကုန်တိုင်းအတွင်း ခရိုင်အလိုက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် သီးသန့် လက်ကားဈေးများ ဖော်ဆောင်ရန် သီးနှံနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်စင်တာ ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် အစိုးရဌာနများ ပူးပေါင်း စီစဉ်ရန် အတွက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် တင်ပြခဲ့ကြောင်း သိရသည်။

ပလတ်စတစ်လုပ်ငန်းကဏ္ဍ

အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အထောက်အကူပြုပြီး ပြည်တွင်းရောင်းချခြင်းအပြင် ပြည်ပသို့ပါ တင်ပို့နိုင်အောင် အမြောက်အမြားထုတ်လုပ်နိုင်သည့် ပလတ်စတစ်ကုန်ထုတ်ကဏ္ဍသည် ကုန်ကျစရိတ်သက်သာပြီး အလျင်အမြန် တိုးတက်နိုင်ခြေရှိကြောင်း၊ ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများမှာ ပစ္စည်းအမှတ်တံဆိပ် လူသိများပြီးဖြစ်ခြင်းကြောင့် ဈေးနှုန်းယှဉ်ရောင်းရာတွင် အခက်အခဲများစွာရှိနေပါသဖြင့် အခွန်အကောက်ကို လျှော့ချပေးနိုင်ရန်စသည်ဖြင့် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန် တင်ပြခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.