Connect with us

Local

ထိုင်းနိုင်ငံ၌ ပြန်လည် အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများ အတွက် ဆောင်ရွက်ရမည့် အချက်များ အသိပေး ကြေညာ

ထိုင်းနိုင်ငံ၌ ပြန်လည် အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများ အတွက် အသိပေး ကြေညာချက်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်း အလုပ်သမားများ နှင့် သက်ဆိုင်သည့် ဥပဒေ အသစ်ကြောင့် မြန်မာ နိုင်ငံသို့ပြန်လည် ရောက်ရှိ လာပြီး ထိုင်းနိုင်ငံတွင် ပြန်လည် အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများ အတွက် ဆောင်ရွက်ရမည့် အချက်များအား အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အသိပေး ကြေညာထားသည်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံတွင် မိမိ လုပ်ကိုင်ခဲ့သည့် အလုပ်ရှင်နှင့် ပြန်လည် ဆက်သွယ်ပြီး နှစ်ဦး သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံသို့ပြန်လည် ဝင်ရောက်ရမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၌ ရောက်ရှိ အလုပ်လုပ်ကိုင် နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် အသိပေး ကြေညာ(ဓာတ်ပုံ- The Mirror Daily)

ထိုင်းနိုင်ငံသို့ရောက်ရှိပါက မိမိ၏ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်မှ တရားဝင် ခန့်အပ် တာဝန်ပေးထားသည့် အလုပ်ရှင် ကိုယ်စားလှယ် နှင့် အတူ ထိုင်းနိုင်ငံ ၊ အလုပ်သမား ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော မှတ်ပုံတင်ရေး ယာယီ ဗဟိုဌာနများသို့ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၇ ရက် အထိ(ပိတ်ရက်မရှိ) သွားရောက် စာရင်းသွင်းရမည် ဖြစ်ပြီး တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ပြီးပါက အလုပ်ရှင် နှင့် အလုပ်သမား အဖြစ် သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ မှတ်ပုံတင်ရေး ဆိုင်ရာ ယာယီ ဗဟိုဌာနမှ အလုပ်ရှင် နှင့် အလုပ်သမား အဖြစ် စိစစ် အတည်ပြုပြီး သောအခါ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်(Certificate of Identity-CI) ပြုလုပ်နိုင်ရန် ထောက်ခံချက် စာရွက်စာတမ်းများ ထုတ်ယူရမည် ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များ အတွက် အခမဲ့ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

နေထိုင်ခွင့်(Visa) ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(Work Permit) ၊ ကျန်းမာရေး စစ်ဆေးခြင်း နှင့် လူမှု ဖူလုံရေး ကတ် ပြုလုပ်ခြင်းများကို ထိုင်းနိုင်ငံ၏ ဥပဒေ နှင့် အညီ သတ်မှတ် နေရာ၌ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုလုပ်ငန်းစဉ် နှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတရာ ရှိပါက ထိုင်းနိုင်ငံရှိ အလုပ်သမား သံအရာရှိများ ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ၊ ရွှေ့ပြောင်း အလုပ်သမား ဌာနခွဲ နှင့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန(မြို့နယ်ရုံး) မြဝတီမြို့၊ တာချီလိတ်မြို့၊ ကော့သောင်းမြို့တို့အား ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ထို့အတူ ထိုင်းနိုင်ငံ၌ ရောက်ရှိ အလုပ်လုပ်ကိုင် နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် ထိုင်းနိုင်ငံရှိ အလုပ်ရှင်များထံတွင် လက်ရှိ အလုပ်လုပ်ကိုင် နေသော်လည်း အလုပ်ရှင် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပါ နေရာ ကွဲလွဲ နေသည့် အလုပ်သမားများ ၊ အထောက်အထားမဲ့ အလုပ်သမားများ အနေဖြင့် ဆောင်ရွက်ရမည့် အချက်များအား အသိပေး ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.