Stock Market
ရန်ကုန် စတော့အိတ်ချိန်း၌ အစုရှယ်ယာ ဝယ်လိုအား ကျဆင်း

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ရန်ကုန် စတော့အိတ်ချိန်းတွင် ယနေ့ အစုရှယ်ယာများ ဝယ်လိုအား ကျဆင်းလျက် ရှိကြောင်း စတော့ဈေးကွက် လုပ်ကိုင်သူများထံမှ သိရသည်။
အဆိုပါ ရန်ကုန်စတော့ အိတ်ချိန်း ဈေးကွက်အတွင်း ယနေ့ ၁၁ နာရီ ဈေးကွက် အဖွင့်၌ အစုရှယ်ယာ ရောင်းချသော ကုမ္ပဏီနှစ်ခု၏ ရှယ်ယာ ရောင်းအဝယ် လုပ်ချင်သော ရှယ်ယာပမာဏသည် ရှယ်ယာ တစ်သောင်းကျော် ရှိသော်လည်း ယနေ့ ဈေးနှုန်းများဖြင့် ရှယ်ယာအရေအတွက် တစ်ထောင်ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း စတော့အိတ်ချိန်း ဈေးလေ့လာသူ တစ်ဦးက ပြောကြားသည်။
FMI ကုမ္ပဏီ၏ အစုရှယ်ယာ ဈေးနှုန်းသည် ကျပ် ၂၀,၅၀၀ ရှိပြီး သီလဝါ ကုမ္ပဏီ၏ အစုရှယ်ယာ ဈေးနှုန်းသည် ကျပ် ၄၉,၀၀၀ ဖြင့် အရောင်းဝယ် ပြုလုပ်လျက်ရှိသည်။