Connect with us

Stock Market

တရုတ် စတော့ရှယ်ယာ သုံးရာခိုင်နှုန်းကျော် ပြန်လည် ခုန်တက်

တရုတ် ရင်းနှီးမြှုပ်နှံသူ တစ်ဦးအား စတော့ ဈေးကွက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဗုဒ္ဓဟူးနေ့ နေ့လည် ပိုင်းတွင် တရုတ် စတော့ရှယ်ယာ ဈေးနှုန်းသည် ခုန်တက်လာခဲ့ပြီး ရှန်ဟိုင်း ဈေးကွက် အညွှန်းတွင်လည်း သုံးရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

နံနက်ပိုင်း ဈေးကွက် ဖွင့်စမှာတော့ ဗဟိုဘဏ် ကြားဝင်ပေးထားသည့် ကြားမှ တရုတ် စတော့ ရှယ်ယာများသည် တက်လိုက် ကျလိုက် ဖြစ်နေခဲ့ပါသည်။ရှန်ဟိုင်း ဈေးကွက် အညွှန်း အဖွင့်ဈေးတွင် အမှတ် ၂,၉၀၀ အထိ ပြုတ်ကျခဲ့သော်လည်း နံနက်ပိုင်း စတော့ ပိတ်ချိန် တွင် ဝ.၈ ရာခိုင်နှုန်း တက်လာခဲ့ပြီး အမှတ် ၂,၉၈၈.၇၆ ရှိလာခဲ့သည်။

ရှန်ဇန်း ဈေးကွက်မှာတော့ ဝ.၀၂ ရာခိုင်နှုန်းဖြင့် အမှတ် ၁၀,၂၀၀.၃၈ စွန်းစွန်း မြင့်တက်လာသည်။

အင်္ဂါနေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ ဗဟိုဘဏ်က နှစ်စဉ် စုငွေ/ချေးငွေ အတိုးနှုန်းများ အား လျှော့ချလိုက်သလို သီးသန့် လိုအပ်ချက် အချိုးများ (reserve requirement ratio-RRR) လည်း လျှော့ချလိုက်ကြောင်း ကြေညာခဲ့သည်။

ယင်းသည် ခုနှစ်လ အတွင်း လေးကြိမ်မြောက် RRR လျှော့ချခြင်း ဖြစ်ပြီး အတိုးနှုန်း လျှော့ချခြင်း ကတော့ ကိုးလ အတွင်း ငါးကြိမ်မြောက် လုပ်ဆောင်ခြင်း ဖြစ်သည်။

စီးပွားရေး ကျဆင်းမှုနှင့် ကမ္ဘာ့ ငွေကြေးဈေးကွက် အပေါ် မတည်မငြိမ် ဖြစ်နေ သည့် ကြားတွင် နိုင်ငံ စီးပွားရေး ပြန်လည် ထောက်ပံ့မှု ဖြစ်စေရန် ရည်ရွယ်၍ ပြောင်းလဲမှု လုပ်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ဗဟိုဘဏ်က ပြောသည်။

တရုတ်နိုင်ငံတွင် ယွမ်ငွေဈေး ထိုးကျမှုနှင့် စီးပွားရေး အချက်အလက် အားနည်းခြင်း များကြောင့် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း စတော့ ဈေးကွက် ပြုတ်ကျခဲ့သလို ရှန်ဟိုင်း ဈေးကွက် ညွှန်းကိန်းတွင် ၈.၄၉ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပြီး ၎င်းညွှန်းကိန်းမှာ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက နေ့စဉ် ညွှန်းကိန်း ကျဆင်းမှု နှုန်းထားများထဲတွင် အကြီးမားဆုံး ဖြစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.