Connect with us

Stock Market

ရန်ကုန် စတော့အိတ်ချိန်း ဒီဇင်ဘာ ၉ ရက် ဖွင့်မည်

မြန်မာနိုင်ငံ၏ ပထမဆုံး ရန်ကုန် စတော့ အိတ်ချိန်း (ဓာတ်ပုံ- Yangon Stock Exchange facebook)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ငွေချေး သက်သေခံ လက်မှတ်များ ရောင်းချမည့် စတော့ အိတ်ချိန်း ဝန်ဆောင်မှု ကုမ္ပဏီများကို ဒီဇင်ဘာလ ၉ ရက်တွင် စတင် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ငွေချေး သက်သေခံ လက်မှတ် ကြီးကြပ်ရေး ကော်မရှင် ဥက္ကဌ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

အဆိုပါ ငွေချေး သက်သေခံ လက်မှတ်များကို တစ်ဆင့် ရောင်းချမည့် စတော့ အိတ်ချိန်း ကုမ္ပဏီ ၁၀ ခုမှ အမှုဆောင် အရာရှိများနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားသည်။

ရန်ကုန် စတော့ အိတ်ချိန်းတွင် စာရင်းဝင်၍ အစုရှယ်ယာ ထုတ်ဝေ ရောင်းချမည့် ကုမ္ပဏီ ငါးခုခန့် ရှိနိုင်ကြောင်း၊ ယင်း ငွေချေး သက်သေခံ လက်မှတ်များကို စတင် အရောင်းအဝယ် ပြုလုပ်မည့် တစ်ဆင့်ခံ ရောင်းချမည့် ကုမ္ပဏီများ အနေဖြင့် ထည့်ဝင်ရမည့် မတည်ငွေများကို ဒီဇင်ဘာလ မကုန်မီ ထည့်ဝင် ပေးရန်လည်း ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံသား ကုမ္ပဏီများနှင့် နိုင်ငံခြား ကုမ္ပဏီတို့ ပူးပေါင်း ဖွဲ့စည်းမည့် ဖက်စပ် ကုမ္ပဏီများ အနေဖြင့် နိုင်ငံခြား ကုမ္ပဏီဘက်မှ ထည့်ဝင်မည့် နိုင်ငံခြားငွေ နှင့်အတူ ကျပ်ငွေ ထည့်ဝင်သော ပါဝင်လာမည့် မြန်မာကုမ္ပဏီ၏ ဘဏ်ငွေစာရင်းကို ဖွင့်လှစ်မည် ဖြစ်သည်။ ထိုသို့ ဖွင့်လှစ်ရာ၌ ကျပ်ငွေစာရင်းနှင့် နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်၍ အနည်းဆုံး မတည်ငွေရင်း ကျပ် ၁၅ ဘီလီယံ ပြည့်မီအောင် ထည့်ရမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။

စတော့ အိတ်ချိန်း ဝန်ဆောင်မှု အမျိုးအစား လေးမျိုး ချထားပေးရန် ရှိပြီး အဆိုပါ လိုင်စင် လေးမျိုးသည် စတော့ အိပ်ချိန်း အများပိုင် ကုမ္ပဏီများက ရောင်းချလိုသော အစုရှယ်ယာ ပမာဏကို တာဝန်ယူ ဖြန့်ပေးရသည့် (Under Writer) ဝန်ဆောင်မှု ကုမ္ပဏီ လိုင်စင် ၊ ဝယ်ရောင်း လိုင်စင် (Dealer)၊ ဝယ်ရောင်း လိုင်စင် (Broker)၊ အကြံပေး လိုင်စင် (Consulting/ Advisor) တို့ဖြစ်သည်။

ရန်ကုန် စတော့အိတ်ချိန်းကို ရန်ကုန် ဆူးလေ ဘုရားလမ်းရှိ မြဝတီဘဏ် ရုံးချုပ် အဆောက်အအုံ ဟောင်း၌ ဖွင့်လှစ်မည် ဖြစ်သည်။ (Xinhua)