Connect with us

World

ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကျူးဘားနှင့် တရုတ်နိုင်ငံတို့ သဘောတူ

ကျူးဘားနှစ်နိုင်ငံ ဟာဗာနားမြို့ (ဓာတ်ပုံ-ဆင်ဟွာ)

ဟာဗာနား၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နှင့် ကျူးဘားနှစ်နိုင်ငံ ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဟာဗာနားမြို့တွင် ပြုလုပ်သော နှစ်နိုင်ငံ အစည်းအဝေး၌ နားလည်မှု စာချွန်လွှာ တစ်ခုအား နှစ်နိုင်ငံ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် လက်မှတ် ရေးထိုး လိုက်ပါသည်။

ယင်း နားလည်မှု စာချွန်လွှာအား စီးပွားရေး ကိုယ်စားလှယ်အဖွဲ့နှင့် အတူ ကျူးဘားနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံ အမျိုးသား ခရီးသွားလာရေး စီမံခန့်ခွဲမှုဋ္ဌာနအကြီးအကဲ လီကျင်းဇိုနှင့် ကျူးဘား နိုင်ငံ ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဋ္ဌာန ဝန်ကြီး မန်နျူရယ် မာရီရိုတို့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထို နားလည်မှု စာချွန်လွှာ မှတဆင့် ခရီးသွား လုပ်ငန်းတွင် စီးပွားရေး အခွင့်အလမ်းသစ်များ ရှာဖွေနိုင်ရန် နှစ်ဘက်လုံးက မျှော်လင့်ထားကြသည်။

စီးပွားရေး ကိုယ်စားလှယ် အဖွဲ့သည် ဟာဗာနားအရှေ့ဘက် ကီလိုမီတာ ၁၄၀ အကွာတွင်ရှိသော ကျူးဘားနိုင်ငံ၏ အဓိကပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းတစ်ခုသို့ သွားရောက် လေ့လာမည် ဖြစ်သည်။

ကျူးဘားနှင့် တရုတ်နိုင်ငံတို့သည် ဟာဗာနားတွင် အိမ်ခြံမြေဖွံ့ဖြိုးမှု တိုးမြှင့်ရာတွင် ဖက်စပ် လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများ လတ်တလောမှာ ဖန်တီး ရှာဖွေနေပါသည်။ အခြား ဖက်စပ် လုပ်ကိုင်နေသော စီမံကိန်းများ တွင် ဂေါက်ကွင်း တည်ဆောက်ခြင်း လုပ်ငန်းလည်း အပါအဝင် ဖြစ်သည်။ထိုလုပ်ငန်းများနှင့် အပြိုင် တရုတ်နိုင်ငံပိုင် Air China လေကြောင်းလိုင်းသည်လည်း မကြာမီတွင် ပေကျင်းမှ ဟာဗာနားသို့ တိုက်ရိုက် ပြေးဆွဲမည် ဖြစ်ပြီး ထိုကျွန်းနိုင်ငံလေးသို့ တရုတ်ခရီးသွားများ ပိုမိုသွား ရောက်နိုင်မည် ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကျူးဘားနိုင်ငံသို့ အဓိက နိုင်ငံခြားခရီးသည် လာရောက်သည့် အရင်းအမြစ် နိုင်ငံတစ်ခုဖြစ်ပြီး ခရီးသွားဧည့်သည် ၂၈,၂၃၉ ဦး အထိ လာရောက်ခဲ့ကာ ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.