Connect with us

World

အရှေ့အာရှ ပစိဖိတ်ဒေသ စီးပွားရေး တိုးတက်မှုနှုန်း ၂၀၁၅ ခုနှစ်မှာ ၆.၅ ရာခိုင်နှုန်းရှိ နိုင်ဟု ကမ္ဘာ့ဘဏ်ဆို

ကမ္ဘာ့ဘဏ် လိုဂို (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

အရှေ့အာရှ ပစိဖိတ်ဒေသ အတွင်း ၂၀၁၅ ခုနှစ်မှာ စီးပွားရေး တိုးတက်မှုနှုန်း ၆.၅ ရာခိုင်နှုန်းရှိလာမည်ဟု မျှော်မှန်းထား ပြီး ယမန်နှစ် နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ကျဆင်းသွားကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်သော ကမ္ဘာ့ဘဏ် ၏ စီးပွားရေး သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ အနည်းငယ် ကျဆင်းသွားခြင်းသည် လက်ရှိ ရင်ဆိုင်တွေ့ကြုံနေရသော ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးဝန်းကျင် ၏ ရလဒ်ကြောင့် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“ဝင်ငွေမြင့်မားသော စီးပွားရေး တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခြင်း၊ ၂၀၀၉ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်မှု နှေးကွေးစွာ တိုးတက်လာခြင်းနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် စီးပွားရေး တိုးတက်မှု ပိုမိုနှေးကွေးလာခြင်း” စသည့် အချက်များအား ထိုထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရုံး၏ စီးပွားရေးပညာရှင် အကြီးအကဲ စူဒီရာ ရှက်တီ က ဒေသအတွင်း လုပ်ဆောင်ရမည့် အဓိက ဦးစား ပေး အချက်နှစ်ချက်ကို ရှိပြီး တစ်ခုကတော့ ထိခိုက်လွယ်သော ပြင်ပနှင့် ငွေကြေး ဆိုင်ရာ ကဏ္ဍများ အားပိုမို ခိုင်မာလာစေရန် ရည်ရွယ်၍ အကြီးစား စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှု ကို နှိုင်းနှိုင်း ချိန်ချိန်လုပ်ဆောင်ရန် ဖြစ်ပြီး နောက်တစ်ခုကတော့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို အလေးထား တွန်းအားပေးရန် ဖွဲ့စည်းပုံနှင့်ဆိုင်သော ပြုပြင်ပြောင်းလဲမှုကို အလေးထားလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ယခုနှစ်တွင် ၇ ရာခိုင်နှုန်းခန့် ရှိမည်ဟု မျှော်မှန်း ထားပြီး ဖွံ့ဖြိုးဆဲ အရှေ့အာရှနိုင်ငံများ၏ စီးပွားရေးတိုးတက်နှုန်းသည် မနှစ်ကနှင့် အလားတူ ၄.၆ ရာခိုင်နှုန်း ရှိလာနိုင်မည်ဟု ခန့်မှန်းထားသည်။

ဒေသတွင်းမှ မူဝါဒ ရေးဆွဲသူများအား ငွေရေးကြေးရေး၊ လုပ်အား နှင့် ဈေးကွက်ထုတ်ကုန်များ နှင့်ဆိုင်သော ထိန်းညှိ တိုးတက်မှုများ အပါအဝင် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးအား အလေးထားသင့်ကြောင်း ရှက်တီက ထောက်ပြထားသည်။ (Xinhua)