Connect with us

World

အာရှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကမ္ဘာ့ဘဏ်က ထပ်လောင်း ပြောကြား

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်၏ ဥက္ကဋ္ဌ အဖြစ်လျာထားသူ ဂျင်လီချန်က ဝါရှင်တန်ဒီစီရှိ Brookings အင်စတီကျု့တွင် မိန့်ခွန်း ပြောနေစဉ်။(ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်သည် အာရှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုဘဏ်(AIIB) နှင့် ပူးပေါင်းမှု တိုးမြှင့်ရေး ရှေ့ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်မ်ရောင်ကင် က အောက်တိုဘာလ ၂၂ ရက်နေ့က ပြောသည်။

အာရှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုဘဏ်၏ ဥက္ကဋ္ဌအဖြစ် လျာထားသူ ဂျင်လီချန်နှင့် ဆွေးနွေးစဉ်တွင် ဂျင်မ်က “ကျွန်တော်တို့ရဲ့ ရှိပြီးသား ခိုင်မာတဲ့ ဆက်ဆံရေးကို ရှေ့ဆက် ဆောင်ရွက်သွားမှာ ဖြစ်သလို တွဲဖက် ငွေကြေး ထောက်ပံ့မှု အခွင့်အရေးများအပါအဝင် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုရဲ့ အသေးစိတ် ဧရိယာတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟုပြောသည်။

ဂျင်ကလည်း AIIB သည် ကမ္ဘာဘဏ် အပါအဝင် ရှိနှင့်ပြီးသော ဖွံ့ဖြိုးရေး ဘဏ်များနှင့် ပြိုင်ဘက် မဟုတ်ဘဲ ၎င်းတို့နှင့်အတူ အဆင်ပြေ ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း ပြောကြားခဲ့သည်။

AIIB က ထိုအဖွဲ့အစည်းများအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အား မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်း ဂျင်က ဝါရှင်တန် အခြေစိုက် ဉာဏ်ကြီးရှင်များအဖွဲ့အစည်း Brookings အင်စတီကျု့တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

တရုတ် ဦးဆောင်သော နိုင်ငံပေါင်းစုံပါဝင်သော AIIB အဖွဲ့အစည်းသည် ၂၁ ရာစု အုပ်ချုပ်မှု နှင့်အတူ ပုံစံသစ် ဖွံ့ဖြိုးမှုဘဏ်အား တည်ထောင်မည် ဖြစ်ကြောင်း သူက ပြောသည်။

ကမ္ဘာ့ဘဏ်က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ AIIB အား စီးပွားဖြစ် လုပ်ကိုင် နိုင်ရန် အတွက် ကျယ်ပြန့်သော အကူအညီများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို အဖွဲ့အစည်းနှစ်ခုသည် နိုင်ငံများ၏ လိုအပ်နေသော အခြေခံအဆောက်အအုံ အတွက် ငွေကြေး ထောက်ပံ့ ပြီး စီးပွားရေး၊ ဝန်ဆောင်မှု၊ အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့် ဆင်းရဲမွဲတေမှု လျှော့ချခြင်း စသည့် ကဏ္ဍများ တွင် ကူညီမြှင့်တင်ပေးရန် ဟူသော ရည်မှန်းချက်အား မျှဝေကြမည် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။ AIIB ကို အမေရိကန် မိတ်ဖက်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံနှင့် ဦးစွာ ဖွဲ့စည်းထားပြီး မတည်ငွေ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံဖြင့် တရားဝင် ခွင့်ပြုထားသည်။ ထိုဘဏ်သည် ယခုနှစ်ကုန်တွင် စတင် လည်ပတ်နိုင်ရန် မျှော်မှန်းထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.