Connect with us

World

ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း သည် အာရှအလယ်ပိုင်း ဒေသ များ အတွက် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေး ဖြစ်ကြောင်း အဇာဘိုင်ဂျန် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ပြောကြား

ခေတ်သစ် ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်း နှင့် ၂၁ ရာစု ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်း တို့ ပေါင်းစပ် ပါဝင်သည့် ခေတ်သစ် ပိုးလမ်းမကြီး မြေပုံ (ဆင်ဟွာ)

ထီဘေလစီ ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ထီဘေလစီ အပြည်ပြည် ဆိုင်ရာ ပိုးလမ်းမကြီး ဖိုရမ် ကိုတက်ရောက် ခဲ့သည့် အဇာဘိုင်ဂျန် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Shalifufu မှ တရုတ် နိုင်ငံ မှ ဖော်ဆောင်နေသော ခေတ်သစ် ပိုးလမ်းမကြီး စီးပွားရေး ဇုန် စီမံကိန်း ကြီးသည် အဇာဘိုင်ဂျန် နိုင်ငံ နှင့် အာရှအလယ်ပိုင်း ဒေသ များအတွက် တိုးတက်ဖွံ့ဖြိုး စေနိုင်သော သမိုင်းဝင် အခွင့်အရေး တစ်ခု ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန ၏ အင်တာဗျူအား ဖြေကြားရာတွင် ပြောကြား ခဲ့သည်။

Shalifufu မှ တရုတ် နိုင်ငံ ၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း သည် အာရှ-ဥရောပ ဒေသ ရှိ နိုင်ငံ များအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သည့် အထောက်အကူ ဖြစ်စေခဲ့ပြီး နိုင်ငံ အခြင်းခြင်း ပူးပေါင်းဆောင်ရွက်မှု အတွက် အလွန်အရေးပါကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Shalifufu မှ အဇာဘိုင်ဂျန် နိုင်ငံ သည် ရှေ့ယခင် ပိုးလမ်းမ ခေတ်ကာလ ကပင် အရေးပါသည့် နိုင်ငံ ဖြစ်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် အဇာဘိုင်ဂျန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အခြေခံ အဆောက်အဦး ကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်နေပြီး မိမိ နိုင်ငံ ၏ အရေးပါ သောအခန်းကဏ္ဍ တွင် ပြန်လည် ပါဝင် မည် ဖြစ်ကြောင်း ၊ အဇာဘိုင်ဂျန် နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့သည် လက်ရှိချိန် တွင် ရထားလမ်း အပါအဝင် အပြန်အလှန် ချိတ်ဆက်မှု များရှိနေပြီး ဖြစ်ကြောင်း ၊ အာရှ-ဥရောပ ဒေသ နှစ်ခု အကြား ကုန်ပစ္စည်း များနှင့် လူထု များ အပြန်အလှန် သွားလာ ပို့ဆောင်နိုင်ရန် အတွက် အဇာဘိုင်းဂျန် နိုင်ငံ အနေဖြင့် ဘာဂူ-ထီဘေလစီ-ကာရယ် နိုင်ငံ ဖြတ်ကျော် ရထားလမ်းကြီး တည်ဆောက် နိုင်ရန် ကိုလည်း တွန်းအားပေး ဆောင်ရွက် နေကြောင်း ပြောကြား ခဲ့သည်။

Shalifufu မှ အဇာဘိုင်ဂျန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပတ်သတ်၍ လက်တလော နှစ်များတွင် နိုင်ငံရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှု စသည့် နယ်ပယ် များတွင် ချစ်ကြည် ပူးပေါင်းဆောင်ရွက်မှု များရှိခဲ့ကြောင်း ၊ အဇာဘိုင်ဂျန် နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း မှ တစ်ဆင့် တရုတ် နိုင်ငံ နှင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုအား တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)