Connect with us

Economy

တရုတ်နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်ကြီးပေါင်း ၁၀၀ ကျော်မှ လုပ်ငန်းခွဲ ပေါင်း ၈၅၀၀ ကျော်ဖြင့် ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်

ဒုတိယ အကြိမ်မြောက် တရုတ်နိုင်ငံ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ဖွင့်ပွဲ အခမ်းအနားကို ပေကျင်းမြို့ ၌ ဇန်နဝါရီလ ၁၅ ရက် နေ့က ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းကြီးပေါင်း ၁၀၇ ခုမှ လုပ်ငန်းခွဲပေါင်း ၈၅၁၅ ခု အနေဖြင့် ပြည်ပ နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ခဲ့ကြောင်း ၂၀၁၄ ခုနှစ် နှစ်ကုန် အထိ စာရင်း တွက်ချက်မှုများ အရ သိရသည်။ တရုတ်နိုင်ငံတော် ပိုင်စီးပွားရေး လုပ်ငန်းများ ပြည်ပ တွင် ရင်းနှီးမြှုပ်နှံမှုသည် တရုတ် နိုင်ငံမှ ပြည်ပသို့ ရင်းနှီးမြှုပ်နှံသော ငွေကြေးဆိုင်ရာ အမျိုးအစား မဟုတ်သည့် ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း ရှိသည်။ တရုတ်နိုင်ငံတော် ပိုင်စီးပွားရေး လုပ်ငန်းမှ ပြည်ပ စီမံကိန်း ကို ကန်ထရိုက်ယူ၍ ဆောင်ရွက်မှုသည် တရုတ် နိုင်ငံ၏ ပြည်ပ စီမံကိန်း ကန်ထရိုက်ယူ ဆောင်ရွက်မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း ရှိသည်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အမျိုးသား စီးပွားရေး နှင့် လူမှုရေး တိုးတက်ရေး ၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း အတွင်း တရုတ် နိုင်ငံတော် စီးပွားရေး လုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၃၅ ဘီလီယံ ခန့် မှ ၇၉၀ ဘီလီယံ ခန့် အထိ ရောက်ရှိလာပြီး နှစ်စဉ် တိုးတက်မှု ရာခိုင်နှုန်း ၁၆.၄ ရှိခဲ့သည်။ လုပ်ငန်း လည်ပတ်မှု ဝင်ငွေသည် အမေရိကန် ဒေါ်လာ ၄၆၇ ဘီလီယံ ခန့် မှ ၇၄၁ ဘီလီယံ ခန့် အထိ မြင့်တက်လာ ခဲ့ပြီး နှစ်စဉ် တိုးတက်မှု ၁၂.၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ဤစာရင်း အချက်အလက် များသည် ဇွန်လ ၁၈ ရက်မှ ၁၉ ရက်နေ့ အထိ ပေကျင်းမြို့တွင် ကျင်းပ သော တရုတ် နိုင်ငံတော် ပိုင် စီးပွားရေး လုပ်ငန်းများမှ “ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း” အား ပါဝင်ဆောင်ရွက်ရေးနှင့် အပြည်ပြည် ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းနှင့် ပစ္စည်းကိရိယာ ထုတ်လုပ်မှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း အစည်းအဝေးမှ သိရှိခဲ့ရ ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်း စီမံရေးနှင့် အုပ်ချုပ်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ကျန်ရိ မှ အစည်းအဝေးတွင် “ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း” မဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နှင့် အပြည်ပြည် ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းနှင့် ပစ္စည်းကိရိယာ ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း သည် တရုတ် နိုင်ငံ၏ ကမ္ဘာ့စီးပွားရေး ပြောင်းလဲမှု အပေါ်မူတည်ပြီး ပြည်တွင်းပြည်ပ အခြေအနေ နှစ်ရပ်အား ပူးပေါင်း ဆောင်ရွက် ခဲ့သည့် ဘက်စုံ ပွင့်လင်းမြင်သာမှု ရှိသော အရေးကြီး မဟာဗျူဟာ စီမံချက် တစ်ခုဖြစ်ကြောင်း ၊ တရုတ် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းသည် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ပြောင်းလဲမှု ပုံစံနှင့် လိုက်လျောညီထွေမှု ရရှိနိုင်ရန်ဆောင်ရွက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ဈေးကွက် ပြိုင်ဆိုင်မှုနှင့် ကမ္ဘာ့ အရင်းအမြစ် စီမံခန့်ခွဲရေး တို့တွင် တက်ကြွစွာ ပါဝင်လုပ်ဆောင် ခဲ့သောကြောင့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့သည် ဟုပြောကြားခဲ့သည်။ (Xinhua)