Connect with us

Economy

တရုတ်-သြစတြေးလျ နှစ်နိုင်ငံ FTA စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ကြောင့် ရရှိလာ မည့် အကျိုးကျေးဇူး များ

၂၀၁၄ ခုနှစ် နိုင်ဝင်ဘာ လ က သြစတြေးလျ နိုင်ငံ သို့သွားရောက် လည်ပတ် ချိန် တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် နှင့် သြစတြေးလျ နိုင်ငံ ဝန်ကြီး ချုပ် Tony Abbott ကန်ဘာရာ မြို့ ၌ တွေ့ဆုံ ခဲ့စဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ဇွန် ၁၇ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကောင်းဟူချန် (Gao Hucheng) နှင့် သြစတြေးလျ နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဌာန ဝန်ကြီး Andrew Robb တို့မှ ဇွန်လ ၁၇ ရက်နေ့က သြစတြေးလျ နိုင်ငံ ကန်ဘာရာ မြို့ တွင် “ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံအစိုးရ နှင့် သြစတြေးလျ နိုင်ငံ အစိုးရ တို့လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) ” စာချုပ် လက်မှတ် ရေးထိုးခြင်း ပြုလုပ် ခဲ့ကြသည်။ တရုတ် နိုင်ငံ တော် သမ္မတ ရှီကျင့်ဖိန် နှင့် သြစတြေးလျ နိုင်ငံ ဝန်ကြီး ချုပ် Tony Abbott တို့ မှ အပြန်အလှန် ဝမ်းမြောက် ကြောင်း သဝဏ်လွှာ များ ပေးပို့ ခဲ့ကြသည်။

တရုတ်-သြစတြေးလျ နှစ်နိုင်ငံ FTA စာချုပ် ချုပ်ဆို နိုင်ခဲ့ခြင်း သည် နှစ်နိုင်ငံလုံး အတွက် ဝမ်းမြောက် ဂုဏ်ယူ ဖွယ်ကောင်း သော စာချုပ် တစ်ခုဖြစ်ပြီး သြစတြေးလျ နိုင်ငံ ဝန်ကြီး ချုပ် Tony Abbott မှ ဤ စာချုပ် အား သြစတြေးလျ-တရုတ် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဆွေ ပူးပေါင်း ဆက်ဆံရေး ၏ သမိုင်း ဝင် ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤ FTA စာချုပ် သည် နှစ်နိုင်ငံ အနေဖြင့် ဆယ် နှစ် ကြာ ညှိနှိုင်းဆောင်ရွက်မှု မှ ရရှိလာသော အောင်မြင်မှု တစ်ခု ဖြစ်ပြီး ဘက်စုံ အရည်အသွေးမြှင့်ခြင်း နှင့် အကျိုးအမြတ် မျှတခြင်း ဟူသည့် ရည်မှန်းချက် ကိုလည်း အကောင်အထည် ဖော်နိုင်ခဲ့သည်။ ထိုပြင် တရုတ် နိုင်ငံ ၏ အပြည်ပြည် ဆိုင်ရာ အရည်အသွေးမြင့် လွတ်လပ်သော ကုန်သွယ်ရေး ကွန်ရက် တည်ဆောက်ရေး နှင့် အာရှ-ပစိဖိတ် စီးပွားရေး အသိုက်အဝန်း ဖြစ်တည်ရေး အတွက် အရေးကြီး သော ဆောင်ရွက်မှု တစ်ခု ဖြစ် သည်။

တရုတ်-သြစတြေးလျ FTA စာချုပ်တွင် ပါဝင်သော အချက်အလက် များသည် ကဏ္ဍစုံစွာ ပါရှိပြီး စာချုပ်တွင် အဓိက အပိုင်း နှင့် ပူးတွဲ အခန်း ၄ ခန်း ပါဝင်သည်။ ကုန်သွယ်ရေး ၊ အခွန်လုပ်ငန်းဆောင်ရွက်မှု နှင့် ကုန်သွယ်ရေး ဆိုင်ရာ အဆင်ပြေ ချောမွေ့စေရေး ၊ ဝန်ဆောင်မှု ဆိုင်ရာ ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ အပြင် အီလက်ထရောနစ် ကုန်သွယ်ရေး ၊ အစိုးရ ဝယ်ယူမှု ၊ အသိပညာ မူပိုင်ခွင့် နှင့် ပြိုင်ဆိုင်မှု နည်းဗျူဟာ စသည့် ၂၁ ရာစု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ဆွေးနွေး ညှိနှိုင်း ခဲ့သော ခေါင်းစဉ် များ ပါဝင်သည်။

တရုတ် နှင့် သြစတြေးလျ နှစ်နိုင်ငံ တို့မှ ချုပ်ဆိုခဲ့ ဖူးသော FTA စာချုပ် များနှင့် နှိုင်းရှင်ကြည့် ပါက ယခု ချုပ်ဆို ခဲ့သည့် တရုတ်-သြစတြေးလျ FTA စာချုပ်သည် အရည်အသွေး မြင့်မား သော FTA စာချုပ် တစ်ခု ဖြစ်ပြီး ယခင် စာချုပ် များ နှင့် နှိုင်းရှင် ပါက ထိုးဖောက်မှု များစွာ ရရှိခဲ့သည်။ ဝန်ဆောင်မှု ကုန်သွယ်ရေး ကဏ္ဍ တွင် သြစတြေးလျ မှ တရုတ် နိုင်ငံ အား Negative List mode ဖြင့် ဝန်ဆောင်မှု ကုန်သွယ်ရေး ဆောင်ရွက် ရန် သဘောတူ ခဲ့သည့် ပထမ ဦးဆုံးသော နိုင်ငံ ဖြစ်လာ ခဲ့သည် ။ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ ချောမွေ့စေရေး အစီအစဉ် တွင် ဖွံ့ဖြိုးပြီး နိုင်ငံ မှ ပထမ ဦးဆုံး အကြိမ် အဖြစ် တရုတ် ရင်းနှီးမြှုပ်နှံမှု အောက်ရှိ စီမံကိန်း နှင့် ပညာရှင် များ အပေါ် ဆောင်ရွက်ပေး ခဲ့သော အထူး အဆင်ပြေ ချောမွေ့စေရေး အစီအစဉ် များ ဖြစ်ခဲ့သည်။ ထိုပြင် တရုတ်-သြစတြေးလျ FTA စာချုပ် မှ သြစတြေးလျ သည် ကမ္ဘာ တွင် ဒုတိယ မြောက် FTA စာချုပ်မှ တစ်ဆင့် တရုတ် နိုင်ငံ အပေါ် အားလပ်ရပ် အလုပ်လုပ်ခြင်း VISA အား စီစဉ်ပေး ရန် သဘောတူ ခဲ့သည့် နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံ မှ ခွင့်ပြုခဲ့သည့် လူဦးရေ ကန့်သက်မှု တွင် အများ ဆုံး နိုင်ငံ ဖြစ်သည်။

သြစတြေးလျ နိုင်ငံ သည် စိုက်ပျိုးရေး နိုင်ငံကြီး ဖြစ်ပြီး ဈေးကွက် ပြိုင်ဆိုင်မှု ကြီးမား သော နိုင်ငံ ဖြစ်သည်။ အခွန်လျှော့ချရေး စတင်ချိန် တွင် သြစတြေးလျ နိုင်ငံ မှ တရုတ် နိုင်ငံ သို့ တင်ပို့သော စိုက်ပျိုးရေး ထွက်ကုန် အခွန်သည် မူလက ၁၂.၉၄ ရာခိုင်နှုန်း မှ ဝ.၅၁ ရာခိုင်နှုန်း သာ အခွန်ဆောင်ရ တော့မည် ဖြစ်ပြီး စိုက်ပျိုးရေး ထွက်ကုန် တင်ပို့မှု ဆိုင်ရာ အခွန် ကောက်ခံမှု စရင်းမှ ၉၃.၇ ရာခိုင်နှုန်းသည် အခွန်ကင်းလွှတ် ခွင့် ရရှိ မည်ဖြစ်သည်။ FTA စာချုပ် စတင် အသက်ဝင်ပြီးနောက်တွင် သြစတြေးလျ နိုင်ငံ သည် တရုတ် နိုင်ငံ ပဂ္ဂလိက လုပ်ငန်များမှာ လာရောက် ရင်းနှီမြှုပ်နှံမည့် သြစတြေးလျ ဒေါ်လာ ၁၀.၇၈ ဘီလံယံ ကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ် နှံမှု များကို စတင် စစ်ဆေး သွားမည် ဖြစ်သည်။ ယခင် စစ်ဆေးမှု ကင်းလွှတ် ခွင့် ပေးထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ မှာ သြစတြေးလျ ဒေါ်လာ ၂၄၈ သန်း ဖြစ်သည်။

တရုတ် နိုင်ငံ သည် သြစတြေးလျ နိုင်ငံ ၏ အဓိက ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံ ဖြစ်ပြီး သွင်းကုန် နှင့် ထုတ်ကုန် အများဆုံး ကုန်သွယ်သည့် နိုင်ငံ လည်းဖြစ်သည်။ တရုတ်-သြစတြေးလျ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) စာချုပ် ချုပ်ဆို ခြင်းဖြင့် အာရှ-ပစိဖိတ် စီးပွားရေး အသိုက်အဝန်း ဖြစ်တည်ရေး နှင့် ဒေသတွင်း နိုင်ငံများ တူညီသော ဖွံ့ဖြိုး တိုးတက်မှု ရရှိရေး အတွက် အလွန် အရေး ပါသည့် ဆောင်ရွက်ချက် ဖြစ်သည်။ (Xinhua)