Environment, Disasters & Accidents
လာနီညာ ရာသီဥတု အခြေအနေကြောင့် စက်တင်ဘာလအတွင်း တိုင်ဖုန်း မုန်တိုင်းများ ဝင်ရောက်ရန်ရှိ
ပေကျင်း၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
လာနီညာ ရာသီဥတု ဖြစ်စဉ်သည် မြေပြင်နှင့် ပင်လယ်အတွင်း မုန်တိုင်းများ ဖြစ်ပေါ်စေသောကြောင့် ဆောင်း ဦးကာလ၌ တိုင်ဖုန်း မုန်တိုင်းများ တိုက်ခတ်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း အမျိုးသား ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြိုတင်ခန့်မှန်းရေး စင်တာ (NMEFC) က သြဂုတ်လ ၂၅ ရက်က ကြေညာလိုက် သည်။
လာမည့်လအတွင်း တရုတ်နိုင်ငံသို့ တိုင်ဖုန်း မုန်တိုင်း ငါးလုံးမှ ခြောက်လုံးအထိ ဝင်ရောက်နိုင်ကြောင်းနှင့် ပြီးခဲ့ သည့်နှစ်များကထက် အရေအတွက် ပိုများသည်ဟု ဆိုသည်။ ကမ်းရိုးတန်းဒေသများတွင် တိုင်ဖုန်း သုံးလုံးမှ လေးလုံးအထိ ဝင်ရောက်နိုင်မည်ဟု ဆိုသည်။
ကမ္ဘာကြီး ပူနွေးလာမှုနှင့် လာနီညာ ဖြစ်စဉ် သက်ရောက်မှုကြောင့် တရုတ် ကမ်းရိုးတန်း ပင်လယ်ရေ အမြင့် သည် ပြီးခဲ့သည့်နှစ် အလားတူ ကာလကထက် ပိုမိုမြင့်တက်နိုင်သည်။
ကမ်းရိုးတန်းဆိုင်ရာ ဋ္ဌာနများလည်း ကြိုတင် ခန့်မှန်းချက်များနှင့် ပင်လယ် သဘာဝဘေးများအတွက် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း NMEFC ကတိုက်တွန်းထားသည်။
လာနီညာသည် ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်း အီကွေတာ အရှေ့ပိုင်းတလျှောက် ပင်လယ်ရေ အပူချိန် ကျဆင်းမှုကြောင့် ဖြစ်ပွားလာရသည့် ပင်လယ် လေထု ဖြစ်စဉ် တစ်ခု ဖြစ်ကြောင်းနှင့် အားကောင်းသည့် အယ်လ်နီညို ရာသီဥတု ဖြစ်ပွားပြီးနောက် ထိုသို့ ဖြစ်လေ့ရှိကြောင်း သိရသည်။ (Xinhua)