Connect with us

Environment, Disasters & Accidents

နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ China Southern Airlines ချဲ့ထွင်

China Southern Airlines လေကြောင်းလိုင်း ခရီးစဉ်သစ် မိတ်ဆက်ခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး ခရီးသည်တင် လေကြောင်းလိုင်း တစ်ခုဖြစ်သည့် China Southern Airlines သည် ယခုနှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အာရှ၊ မြောက်အမေရိကတိုက်အကြား ချိတ်ဆက်ပျံသန်းမည့် ခရီးစဉ်များ တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံး ပြည်နယ် ရှန်ကျိုးမြို့နှင့် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ အကြား ချိတ် ဆက် ပျံသန်းမည့် လေကြောင်း ခရီးစဉ်သစ် တစ်ခုအား စက်တင်ဘာလ ၂၁ ရက်တွင် စတင် ပျံသန်းမည် ဖြစ်သည်။
ထို့ပြင် ဒီဇင်ဘာလ ၇ ရက်တွင်လည်း ကွမ်တုံးပြည်နယ် မြို့တော် ကွမ်ကျိုးနှင့် ကနေဒါနိုင်ငံ တိုရန်တိုမြို့တို့ အကြား ချိတ်ဆက် ပျံသန်းမည့် လေယာဉ်ခရီးစဉ်အား လည်းကောင်း၊ ဒီဇင်ဘာလ ၁၂ ရက်တွင် ကွမ်ကျိုးနှင့် သြစတြေးလျနိုင်ငံ တောင်ပိုင်း Adelaide မြို့အကြား ပထမဆုံး ပျံသန်း ပြေးဆွဲမည့် ခရီးစဉ်အား လည်းကောင်း တိုးချဲ့ ပြေးဆွဲမည် ဖြစ်သည်။
သြဂုတ်လကတည်းက ခရီးသွားရာသီအတွင်း ခရီးသွား လိုအပ်ချက် မြင့်မားလာသည့်အတွက် ကွမ်ကျိုးနှင့် မြောက်အမေရိကရှိ မြို့များစွာအကြား ချိတ်ဆက် ပျံသန်းသည့် လေယာဉ် ခရီးစဉ်များ တိုးချဲ့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.