Connect with us

Environment, Disasters & Accidents

အီတလီ ငလျင် ကယ်ဆယ်ရေးအတွက် တရုတ် ကယ်ဆယ်ရေးအဖွဲ့ အလျင်အမြန် စေလွှတ်

အီတလီ ငလျင်၌ ဒဏ်ရာရသူအား ကယ်ဆယ်ရေး အဖွဲ့သားများက ကယ်ထုတ်လာစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟန်ကျိုး၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ မြို့ပြ ကယ်ဆယ်ရေး အဖွဲ့တစ်ခုသည် အီတလီနိုင်ငံ ငလျင်ဒဏ်သင့်ခဲ့သည့် ဒေသသို့ သြဂုတ် လ ၂၅ ရက် ညနေပိုင်းက ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း တရားဝင် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း ပြည်နယ်မှ Ram Union ကယ်ဆယ်ရေးအဖွဲ့သား သုံးယောက်အား အီတလီ တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် စေလွှတ်ခဲ့ကြောင်း ဒေသဆိုင်ရာ မြို့ပြရေးရာဋ္ဌာနက ပြောသည်။အီတလီနိုင်ငံ အလယိပိုင်း တောင်ထူထပ်သော မြို့များအား သြဂုတ်လ ၂၅ ရက် နံနက်အစောပိုင်းက ပြင်းအား ၆.၂ အင်အားရှိ ငလျင် လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂၅၀ သေဆုံးခဲ့သည်။

ယခု စေလွှတ်လိုက်သည့် ကယ်ဆယ်ရေးသမား သုံးယောက်သည် အဆင့်မြင့် လေ့ကျင့်ထားသူများ ဖြစ်ပြီး နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်ငန်းများ၌ အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ဖူးသူများ ဖြစ်ပြီး ၎င်းတို့နှင့်အတူ သက်ကယ် ကိရိယာများနှင့် ဆေးဝါးဆိုင်ရာ ကိရိယာများ ယူဆောင်သွားကြောင်း Ram Union ကယ်ဆယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ရှူလီကျွမ်က ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် ဆရာဝန် နှစ်ဦး ပါဝင်သည့် အဖွဲ့ဝင် ၁၆ ဦးပါ ကယ်ဆယ်ရေး အဖွဲ့အား အီတလီ ကယ်ဆယ်ရေး အဖွဲ့ခွဲက စေလွှတ်ထားကြောင်းနှင့် ငလျင်ဒဏ်သင့်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည်။ယခုလို အီတလီနိုင်ငံသို့ ကယ်ဆယ်ရေး အဖွဲ့စေလွှတ်ခြင်းသည် Ram Union ကယ်ဆယ်ရေးအဖွဲ့၏ ကျဲ့ကျန်း အဖွဲ့ခွဲက နီပေါ၊ ပါကစ္စတန်နှင့် အီကွေဒေါ အပါအဝင် ပြည်ပ ကယ်ဆယ်ရေးလုပ်ငန်းများသို့ ငါးကြိမ် မြောက် စေလွှတ်ခြင်းလည်း ဖြစ်သည်။

ယင်း ကယ်ဆယ်ရေးအဖွဲ့အား ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ဝန်ချွမ်းငလျင်၊ ချင်းဟိုင်ပြည်နယ် ယူရှု ငလျင်နှင့် ယူနန်ပြည်နယ် လုဒျန် ငလျင် စသည့် ငလျင်များ လှုပ်ခတ်စဉ်အတွင်း ကူညီထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.