Connect with us

Environment, Disasters & Accidents

တိုင်ဖွန်း မာရန်တီ ဝင်ရောက်မှုကြောင့် ဒီရေလှိုင်း တရုတ် သတိပေး

တိုင်ဖွန်းမုန်တိုင်း မာရန်တီ ထိုင်ဝမ်သို့ ဝင်ရောက်ခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တိုင်ဖုန်း မုန်တိုင်း မာရန်တီကြောင့် ဖြစ်ပေါ်လာသည့် ပင်လယ် ဒီရေလှိုင်း အန္တရာယ်အား သတိပေးချက် အမြင့်ဆုံး အဆင့်ဖြစ်သော အနီရောင် အဆင့်သို့ တရုတ်နိုင်ငံ အမျိုးသား ပင်လယ်ရေကြောင်းဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ကြိုတင်ခန့်မှန်းခြင်း စင်တာ (NMEFC) က တိုးမြှင့် သတ်မှတ်လိုက်ကြောင်း သိရသည်။

ထိုင်ဝမ် အရှေ့ဘက် ကမ်းရိုးတန်း၌ လေပြင်း မုန်တိုင်းနှင့် ဒီရေလှိုင်းလုံးကြီးများသည် ပင်လယ်ရေ မျက်နှာပြင်အထက် ၁၂ မီတာ အထိ မြင့်တက်ခဲ့ကြောင်း၊ ယခုနှစ်အတွက် ၁၄ ခုမြောက် မုန်တိုင်း ဖြစ်ကာ အနောက်ဘက်သို့ ဦးတည် ရွေ့လျားနေကြောင်းနှင့် တရုတ်နိုင်ငံ၏ ဖူကျန်း၊ ကျဲ့ကျန်းနှင့် ကွမ်တုံ ပြည်နယ်များရှိ ကမ်းရိုးတန်းဒေသများသို့ စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များ၌ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ဖူကျန်းနှင့် ကွမ်တုံပြည်နယ်များ၌ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် အရေးပေါ် အခြေအနေ ဒုတိယ အမြင့်ဆုံး အဆင့်အဖြစ် State Oceanic Administration က ကနဦး သတိပေးထားသည်။
မာရန်တီ တိုင်ဖွန်းမုန်တိုင်း၏ လက်ရှိ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၂၆၀ ကီလိုမီတာကျော်ရှိပြီး ကမ္ဘာပေါ်တွင် အပြင်းဆုံး မုန်တိုင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။
သင်္ဘောများ ကမ်းသို့ ပြန်ကပ်ကြရန်၊ ဒေသခံများအနေဖြင့်လည်း နေအိမ်များအတွင်း၌သာ နေထိုင်ကြရန်နှင့် ဆည်များအား တောင့်တင်းခိုင်မာစေရေးအတွက်လည်း NMEFC က ညွှန်ကြားထားသည်။
ယခု တိုက်ခတ်လျက်ရှိသည့် မာရန်တီ တိုင်ဖွန်းအား သတ်မှတ်ထားသည့် အနီရောင် အဆင့်သည် အမြင့်ဆုံး အဆင့်ဖြစ်ပြီး ရာသီဥတု သတိပေးချက်အား လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင် စသဖြင့် အသီးသီး သတ်မှတ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.