Connect with us

China

သမ္မတ ရှီကျင့်ဖိန် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တောင်အာဖရိကနိုင်ငံသို့ သွားရောက်ရန်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြို့တော် ပေကျင်းတွင် ၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်နေသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် ကျင်းပမည့် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်၍ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ်လည်း သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဩဂုတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်သည် တောင်အာဖရိကနိုင်ငံ၌ ရှိနေစဉ် တရုတ်-အာဖရိက ခေါင်းဆောင်များ ဆွေးနွေးပွဲ၌ တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဟွာက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi to attend 15th BRICS Summit, visit South Africa
BEIJING, Aug. 18 (Xinhua) — Chinese President Xi Jinping will attend the 15th BRICS Summit to be held in Johannesburg, South Africa and pay a state visit to South Africa from August 21 to 24, at the invitation of President of the Republic of South Africa Cyril Ramaphosa, Foreign Ministry spokesperson Hua Chunying made the announcement Friday.
While in South Africa, President Xi Jinping will co-chair with President Ramaphosa the China-Africa Leaders’ Dialogue, Hua added.
Photo: Chinese President Xi Jinping hosts the 14th BRICS Summit via video link in Beijing, capital of China, June 23, 2022. (Xinhua/Li Xueren)