ပေကျင်း၊အောက်တိုဘာ၆ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ခရီးသွားလုပ်ငန်း မြှင့်တင်ရန် တွန်းအားပေးနေချိန်တွင် တရုတ်နိုင်ငံ၏သစ်တောခရီးသွားလုပ်ငန်းသည် ယခုနှစ် ပထမ(၈) လအတွင်း တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရသိရသည်၊၊
ပေကျင်း၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) တရုတ်-မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် (၇၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းတို့ ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊အောက်တိုဘာ၆ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ်ပထမနှစ်ဝက်အတွင်းနိုင်ငံရပ်ခြား သို့သွားရောက်လည်ပတ်သော တရုတ်နိုင်ငံသားကမာ္ဘလှည့်ခရီးသွားများ၏အသုံးစရိတ်ငွေမှာ အမေရိကန်ဒေါ်လာ ၁၂၇.၅ဘီလီယံထိရှိခဲ့ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားငွေကြေးလဲလှယ်ရေး စီမံခန့်ခွဲမှုဌာန (SAFE) ၏ထုတ်ပြန်ချက်အရသိရသည်။
ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသည့်ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲတွင် မီတာ၄ x၁၀၀မီတာလက်ဆင့်ကမ်းပြေးပွဲတွင် တရုတ်အမျိုးသား နှင်၌အမျိုးသမီး တို့ အရည်အချင်းပြည့်မီ၍ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
တိုင်ယွန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံမြောက်ပိုင်းရှန်ဇီပြည်နယ်အတွင်းရှိ တိုင်ယွန်ဂြိုဟ်တုလွှတ်တင်ရေး စခန်းမှ ၎င်း၏သုတေသနဂြိုဟ်တုတစ်စင်းကို အာကာသအတွင်းသို့ အောက်တိုဘာလ ၅ ရက်၊တရုတ် စံတော်ချိန် နံနက် ၂း၅၁ နာရီတွင်လွှတ်တင်ခဲ့ကြောင်း သတင်းများအရသိရသည်။
ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရော့ခ်အင်န်ရိုး (Rock‘n’Roll) မာရသွန်ထက်ဝက်အပြေးပြိုင်ပွဲ (ခေါ်) အကွာအဝေး ၂၁ ဒသမ ၀၉၇၅ ကီလိုမီတာ အပြေးပြိုင်ပွဲအား တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Olympic Forest Park တွင် နိုဝင်ဘာလ၌ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာလ ၃ ရက်ကစ၍...
ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့လယ်ရှိ ခေါင်းဆောင်များ မိန့်ခွန်းပြောကြားရာ ထျန်းအန်းမင်ရင်ပြင်စင်မြင့်အား တစ်နှစ်ကျော်ကြာ ပြန်လည်ပြုပြင်ပြီးနောက် အောက်တိုဘာလ ၃ ရက်တွင် လေ့လာသူများအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘုရင် ဖိလစ် (Philippe) တို့သည် ဘယ်လ်ဂျီယံတွင် သြဂုတ်လက ပန်ဒါကြီးမျိုးနှစ်ကောင် မွေးဖွားမှုအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခဲ့ချိန် ၁၉၄၉ ခုနှစ်မှစ၍ နှစ် ၇၀ အတွင်း နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို ပြသရန် ပေကျင်းမြို့၌ ပြပွဲတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံက မြောက်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့ တွေ့ဆုံဆွေးနွေးမှု ပြန်လည် စတင်ရန် ကြေညာချက် များအား ကြိုဆိုကြောင်း နှင့် နှစ်ဘက်လုံးမှ အပြုသဘော ရလဒ်များ အတွက် ကြိုးပမ်းသွားရန် အခွင့်အလမ်းများကို ရယူနိုင်မည်ဟု...