ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် က အာရှတိုက် ရှိ ပြည်သူလူထု များ က တည်ငြိမ်အေးချမ်းမှု ရှိသည့် ဒေသ ဖြစ်တည်ရန် မျှော်လင့်ကြောင်း ယနေ့မေ ၁၅ ရက်တွင် ကျင်းပပြုလုပ်သည့် အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ (CDAC)၏...
ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ) အာရှပြည်သူများအနေဖြင့် ဘုံကြွယ်ဝချမ်းသာမှုရှိသော အာရှတိုက်အား မျှော်လင့်လျက်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ မေ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် နှင့် လူသားတို့အတွက်ကောင်းမွန်သော အနာဂတ်တစ်ခုကို ဦးတည်နိုင်စေရန်အတွက် ယဉ်ကျေးမှု ၊ စီးပွားရေး နှင့် နည်းပညာဆိုင်ရာစွမ်းအားများ လိုအပ်ကြောင်း ယနေ့မေ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ မေ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူ့ယဉ်ကျေးမှုသမိုင်းတစ်လျှောက်တွင် အောင်မြင်မှုရှိသော မျက်နှာတစ်ခုကို အာရှယဉ်ကျေးမှုက မှတ်ကျောက်ရေးထိုးခဲ့ပြီဖြစ်ကြောင်း ယနေ့မေ ၁၅ ရက်တွင် ကျင်ပပြုလုပ်သည့် အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ(CDAC)၏ အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဇွန်လ ၁ ရက်မှစ၍ အမေရိကန်နိုင်ငံမှ သွင်းကုန်အချို့အပေါ် ထပ်တိုးအခွန်နှုန်းထား တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မေလ ၁၃ ရက်က ကြေညာလိုက်သည်။
ပေကျင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ) ပေကျင်း Daxing နိုင်ငံတကာလေဆိပ်၏ တည်ဆောက်ရေးလုပ်ငန်းများမှာ အလုံးစုံပြီးစီးသွားပြီဖြစ်ရာ ပထမဆုံးစမ်းသပ်မှုအဖြစ် ခရီးသည်တင်လေယာဉ် လေးစင်းသည် ယနေ့ မေ ၁၃ရက်နံနက်ပိုင်းတွင် လေဆိပ်ပြေးလမ်းပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ) အာရှလူနေမှုအဖွဲ့အစည်းများဆွေးနွေးညှိနှိုင်းမှုညီလာခံကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မေ ၁၅ ရက် မှစတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ကျိုး၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် ကျင်းပနေသည့် စက်ရုပ်ထိပ်သီးပြပွဲတွင် မေလ ၉ ရက်က တန်ဖိုးအားဖြင့် ယွမ် ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံ) ကျော်ရှိသော ရင်းနှီးမြှုပ်နံှမှု စီမံကိန်း သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၉ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ရောက်ရှိရန် အလွန်နီးစပ်လာချိန်တွင် အမေရိကန်က တရုတ်ထုတ်ကုန်များအပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည်ဟု ရုတ်တရက် ကြေညာမှုတစ်ရပ်ထွက်ပေါ်လာခဲ့ပေသည်။ အမေရိကန်၏ လုပ်ရပ်ပေါ် အမှန်တကယ် မကြိုဆိုကြသလို အလုပ်လည်းဖြစ်လိမ့်မည်မဟုတ်ပေ။
ပေကျင်း၊ မေ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် မေ ၈ ရက်က ပေကျင်းမြို့တွင် ဗြိတိန်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဝန်ကြီးချုပ်၏အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ Mark Sedwillဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။