Connect with us

China

အမေရိကန်နိုင်ငံ တောင်ပိုင်းဒေသတွင် အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၇ ဦး ရှိ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ ဥယျာဉ်တစ်ခုတွင် ကစားနေသော ကလေးငယ်တစ်ဦးအား ဇွန် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်းဒေသအများစုကို အပူလှိုင်းအဆက်မပြတ်ပျံ့နှံ့လျက်ရှိခြင်းကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ လူပေါင်း သန်း ၁၂၀ ကျော်က အပူချိန်မြင့်မား သတိပေးနေရာတွင် ရှိကြောင်း အမေရိကန်အစိုးရ၏ အပူချိန်မြင့်မားခြင်း ကျန်းမာရေးဆိုင်ရာ အထွေထွေအချက်အလက်စနစ်၏ ဇွန် ၂၈ ရက် ကိန်းဂဏန်းများက ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ တောင်ပိုင်းဒေသအများစုတွင် အပူချိန်မြင့်မားသော ရာသီဥတုက ဇူလိုင် ၄ ရက် အထိ ဆက်လက်ရှိနေမည် ဖြစ်ပြီး “ဒေသအများအပြား၌ ယခုရာသီတွင် အဆိုးဝါးဆုံး အပူချိန်မြင့်မားမှုနှင့် ကြုံတွေ့ရမည်” ဖြစ်ကြောင်း အမေရိကန်နိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဌာနက ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ထိုမျှမက အပူချိန်မြင့်မားခြင်း နှင့် စိုထိုင်းဆမြင့်မားခြင်းတို့ကြောင့် တောင်ပိုင်းဒေသ အများအပြား၌ အပူချိန်ညွှန်းကိန်းများက “အန္တရာယ်မြင့်မား”သည့် အဆင့်ကို ရောက်စေမည် ဖြစ်ပြီး အပူချိန်မြင့်မားခြင်းကြောင့် ဆက်စပ်ရောဂါဖြစ်ပွားမှု သိသာ တိုးပွားလာနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
美国南部地区遭受热浪炙烤至少17人死亡
新华社休斯敦6月28日电不断蔓延的热浪正在炙烤美国南方大部地区,已造成至少17人死亡。美国政府高温健康综合信息系统28日数据显示,逾1.2亿人处于各类高温警戒地带。
美国气象部门28日说,美国南方大部地区的高温天气可能会持续到7月4日,“许多地区将经历本季度迄今为止最严重的高温”。不仅如此,高气温与高湿度叠加,使得南方多地炎热指数达到“危险高位”,居民罹患高温相关疾病可能性显著增加。
1. 6月21日,一名儿童在美国得克萨斯州休斯敦市的瀑布墙公园玩耍。新华社发(陈晨摄)