ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) “တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO)” ဟု အမည်ပေးထားသည့် အစိုးရအစီရင်ခံစာ စက္ကူဖြူစာတမ်း (White Paper) တစ်စောင်အား ဇွန်လ ၂၈ ရက်တွင် တရုတ်နိုင်ငံတော်ကောင်စီက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွင်းရေးမှူးဌာနများ၊ ညှိနှိုင်းဆောင်ရွက်ရေးရုံးများ ၏ လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ကျန်းကျိုက်တုန်း ၊...
ရှီးချန်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာ မှ နည်းပညာသစ်စမ်းသပ်မှု ဂြိုဟ်တု ၂လုံးအား Long March-2C ဒုံးပျံဖြင့် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သံတမန်ရေးရာ စီမံကိန်းတစ်ခုကို ပြီးခဲ့သည့် သီတင်းပတ် အစည်းအဝေးအတွင်း အကြမ်းဖျဉ်း ထုတ်ပြန်ခဲ့ပြီး အမျိုးသားသွေးသစ်လောင်းခြင်းကို နားလည်သဘောပေါက်စေရန်နှင့် လူသားတိုးတက်မှု မြှင့်တင်ရန် မောင်းနှင်မှုအား မီးမောင်းထိုးပြခဲ့သည်။
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် သည် ၇ကြိမ်မြောက် တရုတ်-အီးယူ အဆင့်မြင့် စီးပွားရေး နှင့် ကုန်သွယ်ရေး စကားဝိုင်း သို့ တက်ရောက်လာသော ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ Jyrki Katainen နှင့် ဇွန် ၂၅ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ကိုရီးယားအလုပ်သမားပါတီ(WPK) ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန် အား ပေကျင်းမြို့၌ ဇွန်လ ၁၉ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံအလုပ်သမားပါတီဥက္ကဋ္ဌ နှင့် နိုင်ငံ့ရေးရာကော်မရှင်ဥက္ကဋ္ဌ ကင်ဂျုံအန်သည် ဇွန်လ ၁၉ ရက် မှ ၂ဝ ရက်အထိ တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)
ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ၈ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ဇွန်လ ၁၆ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ သတင်းစာဆရာ အတွေးအမြင်စာအုပ်ကို People’s Publishing House နှင့် Xuexi Publishing House တို့က ပုံနှိပ်ထုတ်ဝေလိုက်ကြောင်း ထုတ်လုပ်သူများက ဇွန်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် နှင့် အမေရိကန်နိုင်ငံခေါင်းဆောင် တို့အကြား ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးသည် အလွန်အရေးပါကြောင်း နှင့် အပြုသဘောဆောင်သည့် သမိုင်းဝင်အခိုက်အတန့်ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။