Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov တို့ စက်တင်ဘာ ၂၅ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နယူးယောက် မြို့ တွင် ကုလသမဂ္ဂ အစည်းအဝေး တက်ရောက် စဉ် အတွင်း စက်တင်ဘာ ၂၅ ရက်နေ့ ၌ ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးမှု အတွင်း ဝမ်ရိ က လတ်တလော ရက်ပိုင်း အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ရုရှား နိုင်ငံ သို့ သွားရောက် ခဲ့ပြီး ရုရှား နိုင်ငံ နိုင်ငံ သမ္မတ ပူတင် နှင့် နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြောင်း ၊ ယင်းတွေ့ဆုံဆွေးနွေးမှု က နှစ်နိုင်ငံ အကြား မဟာဗျူဟာ အရ အပြန်အလှန် ယုံကြည်မှု ၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း နှင့် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များတွင် ပိုမို ထိရောက်စေမှု တို့အတွက် များစွာ အရေးပါခဲ့ကြောင်း ၊ လက်ရှိ နိုင်ငံတကာ အခြေအနေ အောက်တွင် တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု ကို တိုးချဲ့သွားရမည် ဖြစ်ပြီး အတူတကွ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ၊ နိုင်ငံတကာ နည်းဥပဒေ နှင့် လွတ်လပ်စွာ ကုန်သွယ်မှု တို့ကို ထိန်းသိမ်းသွားကာ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် ကောင်းမွန်သည့် အားအင်များ ဖြည့်စည်းပေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Sergey Lavrov က ရုရှား နိုင်ငံ သမ္မတ ပူတင် အနေဖြင့် လတ်တလောရက်ပိုင်း အတွင်း တရုတ် နိုင်ငံ သမ္မတ နှင့် တွေ့ဆုံဆွေးနွေးမှု အပေါ် လွန်စွာ ကျေနပ်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် လက်ရှိ နိုင်ငံတကာ အခြေအနေ အောက်တွင် ရုရှား-တရုတ် နှစ်နိုင်ငံ မှ နိုင်ငံတကာရေးရာ ကိစ္စရပ် နှင့် နိုင်ငံတကာ အဖွဲ့အစည်း များတွင် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ထားရှိရန် ထောက်ခံကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အတူတကွ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ တန်းတူညီမျှမှု နှင့် တရားမျှတမှု ကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် နှစ်နိုင်ငံ အတူတကွ စိတ်ဝင်စား သည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များ နှင့် ပတ်သက်၍ သဘောထား အမြင်များ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.