Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှင့် ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဟန်ဂေရီ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီး Péter Szijjártó တို့ စက်တင်ဘာ ၂၅ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က နယူးယောက် မြို့ တွင် ကုလသမဂ္ဂ အစည်းအဝေး တက်ရောက် စဉ် အတွင်း စက်တင်ဘာ ၂၅ ရက်နေ့ ၌ ဟန်ဂေရီ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Péter Szijjártó နှင့် တွေ့ဆုံမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ်-ဟန်ဂေရီ ဆက်ဆံရေး မှာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ရထားလမ်း စီမံကိန်း မှာ “16+1 ပူးပေါင်းဆောင်ရွက်မှု” ၏ စံနမူနာ စီမံကိန်း တစ်ခု ဖြစ်စေခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး အတွက်လည်း များစွာ အရေးပါကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဟန်ဂေရီ နိုင်ငံ နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ထားရှိကာ နှစ်နိုင်ငံ အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဟန်ဂေရီ နိုင်ငံ မှ မိမိ နိုင်ငံ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းခြင်း ကို လေးစားပြီး ဟန်ဂေရီ နိုင်ငံ နှင့် အတူတကွ နိုင်ငံတကာ ကိစ္စရပ်များ ဆောင်ရွက်ရာ တွင် အနီးကပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ထားရှိသွားလိုကြောင်း ပြောကြား ခဲ့သည်။

Péter Szijjártó က ဟန်ဂေရီ-တရုတ် ချစ်ကြည်ဆက်ဆံရေး မှ နက်ရှိုင်းစွာ တည်ရှိနေပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှာလည်း အဆက်မပြတ် ပိုမို နက်ရှိုင်းလာကြောင်း ၊ ဟန်ဂေရီ နိုင်ငံ အနေဖြင့် လည်း တရုတ် နိုင်ငံ မှ မိမိ နိုင်ငံ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းသည် ကို လေးစားကြောင်း ၊ လက်ရှိ ဟန်ဂေရီ နိုင်ငံ အစိုးရ အနေဖြင့်လည်း တရုတ် နိုင်ငံ နှင့် ချစ်ကြည်ဆက်ဆံရေး မူဝါဒ ကို ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု ကို အခြေခံ၍ နှစ်နိုင်ငံ ဆက်ဆံရေး အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ဟန်ဂေရီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ကုန်သွယ်မှု နှင့် ခရီးသွား လုပ်ငန်း စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားလိုပြီး နှစ်နိုင်ငံ အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ ဟန်ဂေရီ နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ မှ နိုင်ငံတကာ အဖွဲ့အစည်း များတွင် အနီးကပ် ညှိနှိုင်းဆောင်ရွက်ထားရှိခြင်း ကို ထောက်ခံကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.