Connect with us

Politics, Law & Military

ဗီယက်နမ်သမ္မတ ကွယ်လွန်သွားခြင်းအတွက် တရုတ်သမ္မတ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ သမ္မတ ထရမ်ဒိုင်ကွမ် (Tran Dai Quang) ကွယ်လွန်သွားခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူးကျောင့် (Nguyen Phu Trong) ထံ စက်တင်ဘာ ၂၁ ရက် က ပေးပို့ခဲ့ကြောင်း သိရသည်။

ရှီက ဗီယက်နမ်နိုင်ငံ သမ္မတ ထရမ်ဒိုင်ကွမ် ကွယ်လွန်သွားသည်ကို ကြားသိရသည့်အတွက် ဝမ်းနည်းရပါကြောင်း၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရ နှင့် ပြည်သူများ ကိုယ်စား ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPV)၊ အထွေထွေအတွင်းရေးမှူး ငုယင်ဖူးကျောင့်၊ ဗီယက်နမ် အစိုးရ နှင့် ပြည်သူများထံ ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာပေးပို့ပါကြောင်း သဝဏ်လွှာ၌ပါရှိသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က သမ္မတ ထရမ်ဒိုင်ကွမ် သည် ပါတီခေါင်းဆောင်ကောင်း နှင့် နိုင်ငံ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း နှင့် ဗီယက်နမ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှု နှင့် ပွင့်လင်းမြင်သာ မှု တို့အတွက် များစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ က ကွမ်၏ မိသားစုဝင်များထံလည်း ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.