Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအား မြှင့်တင်ရေး ကြိုးပမ်းအားထုတ်ရန် အစီရင်ခံစာထုတ်ပြန်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာ ၁၈ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှု ၂၀၂၀ အစည်းအဝေးတွင် အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂရည်မှန်းချက်ပန်းတိုင်၂၀၃၀ ပြည့်နှစ်အား ပြည့်မီ ရောက်ရှိစေရန် နိုင်ငံ၏ စူးစမ်း ရှာဖွေဖော်ထုတ်ခြင်း နှင့် သိပ္ပံနှင့်နည်းပညာတီထွင်ဆန်းသစ်မှု လက်တွေ့ကျင့်သုံးခြင်းများအပေါ် တင်ဆက်ဖော်ပြထားသည့် “ ကြီးမားသောကမ္ဘာ့အချက်အလက်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် အထောက်အပံ့ဖြစ်” Big Earth Data in Support of the Sustainable Development Goals (SDGs) ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယင်းအစီရင်ခံစာကို ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးအတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ဇီဝမျိုးကွဲထိန်းသိမ်းစောင့်ရှောက်မှု ၊ တရုတ်နိုင်ငံမြို့ကြီးများ နှင့် မြို့ငယ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ၊ စိမ့်မြေများ ထိန်းသိမ်းစောင့်ရှောက်မှု နှင့် ကမ်းရိုးတန်းဂေဟစနစ် အကဲဖြတ်မှု ကဲ့သို့သော နယ်ပယ်များတွင် တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များကို ထည့်သွင်းဖော်ပြထားသည်။ ယင်းအစီရင်ခံစာထဲတွင် ဖြစ်စဉ် ၂၆ ခု နှင့် အချက်အလက် ပံ့ပိုးမှုများအတွက် အဆိုပြုချက် ၂၄ ခု ၊ စံနမူနာပြ ၁၃ ခု နှင့် ထောက်ပံ့ရေးအစီအစဉ် ၁၉ ခု တို့အသီးသီး ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Qomolangma တောင်ခြေရှိ စိမ့်မြေကွင်းပြင် မြင်ကွင်းတစ်ခုအား မေ ၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပထမအကြိမ် အစီရင်ခံစာ ထုတ်ဝေမှုကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သော ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးအတွင်း တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့က တင်သွင်းခဲ့ပြီး ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ ရည်မှန်းချက်ပန်းတိုင်အား ဖော်ဆောင်နိုင်ရန်အတွက် ကြီးမားသောကမ္ဘာကြီးဆိုင်ရာ အချက်အလက်များက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ရောက်ရှိရေး ကူညီပေးရန် ဦးတည်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ကြီးမားသောကမ္ဘာ့အချက်အလက်စုစည်းရေးစီမံကိန်း ညွှန်ကြားရေးမှူး Guo Huadong က ကြီးမားသောကမ္ဘာ့အချက်အလက်ကို အသုံးပြုခြင်းဖြစ် SDGs ၏ အောင်မြင်မှုကို တွန်းအားပေးရန် သီအိုရီဆန်သော စနစ်တစ်ခုကို ယခုအခါ ဖန်တီးလုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ(CAS) အနေဖြင့် သိပ္ပံ နှင့် နည်းပညာ တီထွင်ဆန်းသစ်မှုဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ ရည်မှန်းချက်ပန်းတိုင်ကို အပြည့်အဝ ဖော်ဆောင်ပေးရန် ပလက်ဖောင်းတစ်ခုအား တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာက ရပ်ဝန်းနှင့်ပိုးလမ်းမတည်ဆောက်ရေးကို မြှင့်တင်ရန် နှင့် ကုလသမဂ္ဂရည်မှန်းချက်ကို အပြည့်အဝဖော်ဆောင်ရန် ပါဝင်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။

တရုတ်သိပ္ပံအကယ်ဒမီ(CAS) ဒုတိယဥက္ကဌ Zhang Yaping က ကြီးမားသောကမ္ဘာ့အချက်အလက်သိပ္ပံစီမံကိန်းသည် တရုတ်နိုင်ငံ၏ သိပ္ပံ နှင့် နည်းပညာဖြင့် SDGs ကို အပြည့်အဝဖြည့်ဆည်းပေးရန် ကြိုးပမ်းအားထုတ်မှုအတွက် အရေးပါသော အအောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ၊ ကမ္ဘာ့ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ထိရောက်စွာအပြည့်အဝ ဖော်ဆောင်နိုင်ရန်အတွက် သိပ္ပံပညာဆိုင်ရာအထောက်အပံ့ နှင့် အဖြေရှာရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.