Connect with us

Politics, Law & Military

ရှီကျင့်ဖိန် နှင့် ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံစနစ်အပေါ် အကောင်းဆုံးရှု့မြင်ချက်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း ပြန်လည်သုံးသပ်ကြည့်လျှင် ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်ကဆွဲဆောင်နိုင်မှုသာမက ဖိအားပေးဆောင်ရွက်နိုင်မှုတွင်လည်းကောင်း၊ စိတ်ပျက်ဖွယ်အကောင်းဆုံးအနေဖြင့်ရှေ့သို့တိုးတက်ဆောင်ရွက်နိုင်မှုတွင် ပါနိမ့်ကျဆုံးရှုံးခဲ့ရသည်ဟုဆိုရပေမည်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေနှင့်လည်း ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်အောင်မြင်ရေး ဆောင်ရွက်ရာတွင် အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ရကာ တင်းကြပ်ခက်ခဲသည့်အခြေအနေ(သို့မဟုတ်) ရှုံးနိမ့် ရမည့်အခြေအနေသို့ပင်ရောက်ရှိခဲ့ရသည်ဟုဆိုနိုင်သည်။

ထိုအခြေအနေကိုကျော်လွှားနိုင်ရန်အတွက်ဆွစ်ဇာလန်နိုင်ငံ၊ဒါဗို့စ်မြို့၌ကျင်းပသောကမ္ဘာ့ကုန်သွယ်ရေးဖိုရမ်(WEF) တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ် ပိုမိုကောင်းမွန်လာရေးအတွက် ကမ္ဘာ့နိုင်ငံများ မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ၎င်း၏ထင်မြင်ယူဆချက်များကိုတင်ပြခဲ့သည်။ကမ္ဘာ့ကုန်သွယ်ရေးဖိုရမ်တွင်ပြောကြားသော ၎င်း၏မိန့်ခွန်း၌ ရှီ က ကမ္ဘာ့စီးပွားရေးအလားအလာအတွက် အများဆုံးသတိပြုစောင့်ကြည့်ရမည့် အချက်တစ်ချက်လည်းဖြစ်သော ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်ကို လူသားအသိုင်းအဝိုင်း အတွက် ဘုံစွမ်းအားတစ်ရပ်အဖြစ်တည်ဆောက်ရန် ပိုမိုအားကောင်းသောသဘောတူလက်ခံမှုရရှိရေး ကြိုးစားခဲ့ကြောင်းပြောကြားခဲ့သည်။

ထိုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်ကို လက်ခံသည့်လူသားအသိုင်းအဝိုင်းတစ်ရပ်တည် ဆောက်ရေးနှင့်ပတ်သက်သော စိတ်ကူး၊အကြံဉာဏ်ကို ၂၀၁၂ ခုနှစ်တွင်စတင်ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။လွန်ခဲ့သည့်လေးနှစ်အတွင်း တရုတ်သမ္မတရှီသည် ကမ္ဘာအနှံ့လှည့်လည်ခရီးသွားလာခဲ့ရာ၌ ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်ကို ပိုမိုအားကောင်းစေရန် အဆိုပါစိတ်ကူးအကြံဉာဏ်သည် ပိုမိုအောင်မြင်သောနည်းလမ်းတစ်ရပ် အဘယ်ကြောင့်ဖြစ်နိုင်ကြောင်း အခြားကမ္ဘာ့ခေါင်းဆောင်များကိုလည်း မျှဝေပြောကြားခဲ့သည်။

များစွာသော ၎င်း၏ ယခင်ကာလက ရှင်းလင်းချက်များအရ ကြီးကျယ်သော လက်တွေ့စမ်းသပ်မှုသည် ပွင့်လင်းမြင်သာစွာရှိခြင်း နှင့် အားလုံးပါဝင်နိုင်ခွင့်ရှိခြင်း ပေါ်တွင် အခြေခံရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

အားလုံးအတွက် စီးပွားရေးဆိုင်ရာ ကမ္ဘာလုံးလွှမ်းခြုံစနစ်၏ အကျိုးအမြတ်များ အရေးပါပုံကို မိန့်ခွန်းပြောကြားရာ၌ သမ္မတရှီက အခြားနိုင်ငံများရှိ စီးပွားရေးအသိုက်အဝန်းများအတွက် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများက ဆက်လက်၍ အခွင့်အလမ်းများကို လက်ကမ်းကြိုလင့်နေအုံးမည်ဟု ကတိပြုပြောကြားခဲ့သည်။

လာမည့် ၅ နှစ်တွင် တရုတ်နိုင်ငံအနေဖြင့် ပို့ကုန်တန်ဖိုးကို အမေရိကန်ဒေါ်လာ ၈ ထရီလီယံ နှင့် နိုင်ငံပြင်ပ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို အမေရိကန်ဒေါ်လာ ၇၅ဝ ဘီလီယံအထိ ရောက်ရှိစေရန် မျှော်မှန်းထားကြောင်း သမ္မတရှီက ဆိုသည်။ထို့ပြင် တရုတ်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှတဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ရရှိရန်လည်း ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားထားသည်။

WEF သမိုင်း၌ မီးမောင်းထိုးပြခြင်းခံရသော သမ္မတရှီ ၏ မိန့်ခွန်းကောက်နှုတ်ချက်နှင့်ပတ်သက်၍ WEF အဖွဲ့တည်ထောင်သူ နှင့် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Klaus Schwab က ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် “ မှတ်သားဖွယ်ရာ သီးခြားပို့ချချက်” ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ပြီး WEF သည် အနာဂတ်ကာလတွင် တရုတ်နိုင်ငံနှင့် မိတ်ဘက်ဆက်ဆံရေးတိုးတက်ခိုင်မာအောင် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဆိုခဲ့သည်။

ပြီးခဲ့သော ရာစုနှစ်အတွင်း တရုတ်နိုင်ငံ၏ ထွန်းတောက်ခဲ့သော အကြောင်းအချင်းအရာများစွာအနက် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ အစိုးရဝန်ထမ်းတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

၎င်းသည် ကမ္ဘာ့ဒုတိယအကြီးဆုံး တိုင်းပြည်တစ်ခုအား တိုးတက်မြင့်မားလာအောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ရပုံ ၊ တံခါးဖွင့်စီးပွားရေးမူဝါဒဖြင့် တိုင်းပြည်စီးပွားရေးကို ပုံဖော်ခဲ့ပုံ နှင့် မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲရေးအတွက် ပြုလုပ်ခဲ့ရပုံများကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးဖြစ်သည်။ တရုတ်နိုင်ငံသမ္မတရှီသည် အခြားလမ်းကြောင်း တစ်ခုဖြင့် လှည့်ပတ်သွားလာခြင်းမပြုဘဲ တစ်ဦးက အခြားတစ်ဦးကို ဟန့်တားနှောက်ယှက်ရန် ရွေးချယ်နေကြခြင်း နှင့် တန်းတူအခွင့်အရေးများအတွက် တစ်ဘက် နှင့်တစ်ဘက် အမြဲ ခြိမ်းခြောက်ပြုမူနေခြင်းတို့ကိုသိမြင်ခဲ့သလို တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အကျိုးစီးပွားခံစားခွင့်ရရှိစေရန် အတွက်လည်း ကောင်းစွာ သိမြင်နားလည်ခဲ့သူ တစ်ဦးဖြစ်သည်။

ပို၍ အရေးကြီးသော အကြောင်းအရာတစ်ခုမှာ လတ်တလောတွင် ကမ္ဘာလုံးလွှမ်းခြုံစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်ခြိမ်းခြောက်နေသည့် ရန်လိုမှုများ၏ အဓိကအရင်းအမြစ်မှာ အနောက်အင်အားကြီးနိုင်ငံအချို့က ပိုမိုကြီးမားသော အထူးအခွင့်အရေးရရှိရန် လွှမ်းမိုးခြယ်လှယ်နေကြသည့်ကိစ္စဖြစ်သည်။

ထင်သာမြင်သာသော သက်သေခံချက်တစ်ခုမှာ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီးပွားရေးအကြပ်အတည်းသည် Wall Street ဂျာနယ်မှတဆင့် ဖြာထွက်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ ပြည်တွင်းမှာရော ပြည်ပမှာပါ အများဆုံးထိခိုက်ခံစားခဲ့ရကာ အကျိုးဆက်မှာ ဘုံခံစားရသူများအဖြစ် အဆုံးသတ်ခဲ့ရသည်။

ကြီးကျယ်သော လက်တွေ့စမ်းသပ်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း ကို ရှေ့ရှုအကောင်အထည်ဖော်ဆောင်ရွက်နေပြီး နိုင်ငံများ၏ အခြေခံအအောက်အအုံ မြှင့်တင်ခြင်း အစီအစဉ် နှင့် နိုင်ငံအသီးသီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအချက်များလုပ်ဆောင်နိုင်ရေးအတွက် စက်မှုကဏ္ဍ စွမ်းဆောင်ရည် တိုးတက်ခိုင်မာအောင် လုပ်ဆောင်ပေးလျက်ရှိသည်။

တရုတ်နိုင်ငံသည် အာရှအခြေခံအအောက်အုံရင်းနှီးမြှုပ်နှံမှုဘဏ် ( AIIB) ကို တည်ထောင်၍ ကျိုးပျက်နေသည့် ကမ္ဘာ့အုပ်ချုပ်မှုကို ပြန်လည် ပြုပြင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။ အစိုးရယန္တယားများ ထူထောင်ရာ၌ ကမ္ဘာ့ဘဏ် နှင့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့များအပါအဝင် ငွေကြေးထောက်ပံ့မှု အဖွဲ့အစည်းများ၏ ငွေကြေးထောက်ပံ့မှုတွင် ချန်လှပ်ခံရသော ကွာဟမှု ဖြစ်ခံနေရသည့် နိုင်ငံများကို AIIB က ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ပြီးခဲ့သော ရာစုနှစ်များတွင် ကမ္ဘာ့အစိတ်အပိုင်းများစွာ၌ လူသားချင်းအပြန်အလှယ်ဆက်ဆံမှုများနှင့် ကုန်သွယ်ရေး ကူးလူးဆက်ဆံမှုများတွင် ချိတ်ဆက်နိုင်မှု နည်းပါးလာခြင်း(သို့မဟုတ်) များပြားလာရှိ ရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကို ပြန်ဦးလှည့်ခြင်းဖြင့် ယခုအခါ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေရာ ကြောက်မက်ဖွယ်ထိခိုက်နစ်နာမှု နှင့် ဝေဝါးသော အခြေအနေမျိုးဖြစ် သွားစေနိုင်သည်။

ကျိုးကြောင်းဆီလျော်သော ရွေးချယ်မှုကသာလျှင် ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ်၏ မှန်ကန်ချက်ကို ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ရာ သမ္မတရှီ၏ လမ်းပြမြေပုံသည် အနာဂတ်အတွက် လမ်းကြောင်းမှန်တစ်ခု ဖြစ်နိုင်ပေလိမ့်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.